This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label အုန်းနို့ ခေါက်ဆွဲ. Show all posts
Showing posts with label အုန်းနို့ ခေါက်ဆွဲ. Show all posts

Tuesday, May 20, 2014

အုန်းနို့ ခေါက်ဆွဲ

အုန်းနို့ ခေါက်ဆွဲ

အုန်းနို့ ခေါက်ဆွဲ (ရယောက်စာ)

မနက်စာ အုန်းနို့ ခေါက်ဆွဲ လေးပါ။ အုန်းနို့ခေါက်ဆွဲ ချစ်သူ တွေ သဘောကျမယ့် ချက်နည်းလေးပါ။ ၀တ်ရည်ရဲ့ ပထမဆုံး လက်ရာလေးမို့ အားပေးကြပါအုန်းနော်။ အိမ်သားတွေကတော့ အရမ်းကြိုက်ကြတယ်။ တချို့ကလည်း အုန်းနို့ခေါက်ဆွဲကို နို့စိမ်းနဲ့ ချက်တယ်။ ၀တ်ရည်ကတော့ အုန်းနို့နဲ့ ချက်ထားတာပါ။ ခုပဲ လုပ်နည်းလေး ကြည့်ရအောင်…
အုန်းနို့ ခေါက်ဆွဲတွင် ပါဝင်ပစ္စည်းများ
  • ခေါက်ဆွဲဖတ် – ၄၀ ကျပ်သား
  • အုန်းနို့နှစ် – ၁၆၀ ဂရမ်
  • ကြက်သွန်နီ – ၁၀လုံး (အလုံးသေးများ အခွံနွှာထားပါ)
  • ပဲအစိမ်းမှုန့် – ရ၀ ဂရမ် (ရေ ၂၅၀ မီလီလီတာဖြင့် ပဲမှုန့်များကို ဖျော်ထားပါ)

  • ဆား – စားပွဲတင်ဇွန်း တ၀က်
  • ကြက်သားမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ငံပြာရည် – စားပွဲတင်ဇွန်း ၃ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
  • ပဲကပ်ကြော် – ၁၀ခု
  • မုန့်ကြွပ်ကြော် – ၁ထုပ် (ဆီများများဖြင့် ကြော်ပေးပါ)
  • ဘဲဥ – ၃လုံး (ကျက်အောင် ပြုတ်ပြီ စိပ်ပေးထားပါ)
  • ငရုတ်သီး အကြမ်းမှုန့် – အနည်းငယ်
  • သံပရာသီး – ၃လုံး (အစိပ်လေးများ စိပ်ထားပါ)

ကြက်သားဆီသပ်ရန် ပါဝင်ပစ္စည်းများ
  • ကြက်သား (သို့) ကြက်တောင်ပံ – ရခု (အတုံးသေးများ တုံးထားပါ)
  • ကြက်သွန်နီ – ၄လုံး (ဆီသပ်ရန် ထောင်းထားပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (ဆီသပ်ရန် ထောင်းထားပါ)
  • ဂျင်း – လက်တဆစ် (ဆီသပ်ရန် ထောင်းထားပါ)
  • ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ကြက်သား ဆီသပ်ရန် ဒယ်ထဲ ဆီထည့် ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း များကို အညှိရောင်သန်းသည်အထိ ဆီသပ်ပေးပါ။

၂။ ပြီလျှင် ငရုတ်သီးမှုန့်၊ ဆနွင်းမှုန့်တို့ကို ထည့်ဆီသပ်ပေးပြီ (ကြက်သား၊ ဆား၊ ကြက်သားမှုန့်) တို့ကို ထည့်ကာ ၁မိနစ်ခန့် လုံးချက်ပေးပါ။
၃။ ပြီနောက် ကြက်သား မြုပ်ရုံ ရေ ထည့်ပြီ အဖုံးအုပ်ထားပါ။

၎။ ကြက်သား နူပြီ ဆီပြန်ပြီဆိုလျှင် ဒယ်အိုးကြီးထဲ ကြက်သားများကို ပြောင်းထည့်လိုက်ပါ။
၅။ ထို့နောက် ရေ(၂လီတာ) အိုးထဲသို့ လောင်းထည့်ကာ ဆူအောင် တည်ထားပေးပါ။

၆။ ဆူလာလျှင် ရေဖြင့် ရောဖျော်ထားသော ပဲစိမ်းမှုန့်များကို လောင်းချပေးပြီ သမအောင် မွှေပေးပါ။

ရ။ ထို့နောက် အုန်းနို့နှစ်များကို ထည့်ပြီ ဆား(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့်(စားပွဲတင်ဇွန်း ၁ဇွန်းခွဲ)၊ ငံပြာရည်(စားပွဲတင်ဇွန်း ၃ဇွန်း)၊ သကြား(စားပွဲတင်ဇွန်း ၁ဇွန်း) တို့ကို ထည့်ပေးပြီ ရောမွှေပါ။
၈။ အရသာ မြည်းလို့ အနေတော်ပြီဆိုမှ ကြက်သွန်နီလုံးများကို ထည့်ပြီ ၂မိနစ်ခန့်တည်ပေးပြီ အုန်းနို့ ခေါက်ဆွဲ အရည်အိုးကို မီးပိတ်လိုက်ပါ။

၉။ အုန်းနို့ခေါက်ဆွဲ စားရန် ပန်းကန်ခွက်တစ်ခုထဲ ခေါက်ဆွဲဖတ်၊ ပဲကြပ်ကြော်၊ မုန်ကြွပ်၊ ဘဲဥ၊ သံပရာသီး၊ ငရုတ်သီးကြမ်းမှုန့်၊ အုန်းနို့ခေါက်ဆွဲရည် တို့ဖြင့် အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…

အဆင်ပြေရင် fb လေး like လုပ်ပေးခဲ့ပါနော်>>>> ( ဒီမှာ )

အနီရောင်လေးဆိုက်မှ ကူယူ မျှဝေ လိုက်ပါတယ်