This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label မုန့်လုပ်နည်းများ. Show all posts
Showing posts with label မုန့်လုပ်နည်းများ. Show all posts

Tuesday, May 20, 2014

အုန်းနို့ ခေါက်ဆွဲ

အုန်းနို့ ခေါက်ဆွဲ

အုန်းနို့ ခေါက်ဆွဲ (ရယောက်စာ)

မနက်စာ အုန်းနို့ ခေါက်ဆွဲ လေးပါ။ အုန်းနို့ခေါက်ဆွဲ ချစ်သူ တွေ သဘောကျမယ့် ချက်နည်းလေးပါ။ ၀တ်ရည်ရဲ့ ပထမဆုံး လက်ရာလေးမို့ အားပေးကြပါအုန်းနော်။ အိမ်သားတွေကတော့ အရမ်းကြိုက်ကြတယ်။ တချို့ကလည်း အုန်းနို့ခေါက်ဆွဲကို နို့စိမ်းနဲ့ ချက်တယ်။ ၀တ်ရည်ကတော့ အုန်းနို့နဲ့ ချက်ထားတာပါ။ ခုပဲ လုပ်နည်းလေး ကြည့်ရအောင်…
အုန်းနို့ ခေါက်ဆွဲတွင် ပါဝင်ပစ္စည်းများ
  • ခေါက်ဆွဲဖတ် – ၄၀ ကျပ်သား
  • အုန်းနို့နှစ် – ၁၆၀ ဂရမ်
  • ကြက်သွန်နီ – ၁၀လုံး (အလုံးသေးများ အခွံနွှာထားပါ)
  • ပဲအစိမ်းမှုန့် – ရ၀ ဂရမ် (ရေ ၂၅၀ မီလီလီတာဖြင့် ပဲမှုန့်များကို ဖျော်ထားပါ)


  • ဆား – စားပွဲတင်ဇွန်း တ၀က်
  • ကြက်သားမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ငံပြာရည် – စားပွဲတင်ဇွန်း ၃ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
  • ပဲကပ်ကြော် – ၁၀ခု
  • မုန့်ကြွပ်ကြော် – ၁ထုပ် (ဆီများများဖြင့် ကြော်ပေးပါ)
  • ဘဲဥ – ၃လုံး (ကျက်အောင် ပြုတ်ပြီ စိပ်ပေးထားပါ)
  • ငရုတ်သီး အကြမ်းမှုန့် – အနည်းငယ်
  • သံပရာသီး – ၃လုံး (အစိပ်လေးများ စိပ်ထားပါ)

ကြက်သားဆီသပ်ရန် ပါဝင်ပစ္စည်းများ
  • ကြက်သား (သို့) ကြက်တောင်ပံ – ရခု (အတုံးသေးများ တုံးထားပါ)
  • ကြက်သွန်နီ – ၄လုံး (ဆီသပ်ရန် ထောင်းထားပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (ဆီသပ်ရန် ထောင်းထားပါ)
  • ဂျင်း – လက်တဆစ် (ဆီသပ်ရန် ထောင်းထားပါ)
  • ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ကြက်သား ဆီသပ်ရန် ဒယ်ထဲ ဆီထည့် ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း များကို အညှိရောင်သန်းသည်အထိ ဆီသပ်ပေးပါ။

၂။ ပြီလျှင် ငရုတ်သီးမှုန့်၊ ဆနွင်းမှုန့်တို့ကို ထည့်ဆီသပ်ပေးပြီ (ကြက်သား၊ ဆား၊ ကြက်သားမှုန့်) တို့ကို ထည့်ကာ ၁မိနစ်ခန့် လုံးချက်ပေးပါ။
၃။ ပြီနောက် ကြက်သား မြုပ်ရုံ ရေ ထည့်ပြီ အဖုံးအုပ်ထားပါ။

၎။ ကြက်သား နူပြီ ဆီပြန်ပြီဆိုလျှင် ဒယ်အိုးကြီးထဲ ကြက်သားများကို ပြောင်းထည့်လိုက်ပါ။
၅။ ထို့နောက် ရေ(၂လီတာ) အိုးထဲသို့ လောင်းထည့်ကာ ဆူအောင် တည်ထားပေးပါ။

၆။ ဆူလာလျှင် ရေဖြင့် ရောဖျော်ထားသော ပဲစိမ်းမှုန့်များကို လောင်းချပေးပြီ သမအောင် မွှေပေးပါ။

ရ။ ထို့နောက် အုန်းနို့နှစ်များကို ထည့်ပြီ ဆား(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့်(စားပွဲတင်ဇွန်း ၁ဇွန်းခွဲ)၊ ငံပြာရည်(စားပွဲတင်ဇွန်း ၃ဇွန်း)၊ သကြား(စားပွဲတင်ဇွန်း ၁ဇွန်း) တို့ကို ထည့်ပေးပြီ ရောမွှေပါ။
၈။ အရသာ မြည်းလို့ အနေတော်ပြီဆိုမှ ကြက်သွန်နီလုံးများကို ထည့်ပြီ ၂မိနစ်ခန့်တည်ပေးပြီ အုန်းနို့ ခေါက်ဆွဲ အရည်အိုးကို မီးပိတ်လိုက်ပါ။

၉။ အုန်းနို့ခေါက်ဆွဲ စားရန် ပန်းကန်ခွက်တစ်ခုထဲ ခေါက်ဆွဲဖတ်၊ ပဲကြပ်ကြော်၊ မုန်ကြွပ်၊ ဘဲဥ၊ သံပရာသီး၊ ငရုတ်သီးကြမ်းမှုန့်၊ အုန်းနို့ခေါက်ဆွဲရည် တို့ဖြင့် အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…



အဆင်ပြေရင် fb လေး like လုပ်ပေးခဲ့ပါနော်>>>> ( ဒီမှာ )

အနီရောင်လေးဆိုက်မှ ကူယူ မျှဝေ လိုက်ပါတယ်

ရန်ကုန် မုန့် ဟင်းခါး

ရန်ကုန် မုန့်ဟင်းခါး (အိုးဘဲဥ)

ရန်ကုန် မုန့်ဟင်းခါး (အိုးဘဲဥ)

မုန့်ဟင်းခါးကို မြန်မာလူမျိုးတိုင်း မနက်စာအဖြစ် အလွန်မှ ကြိုက်နှစ်သက်ကြပါတယ်။ မုန့်ဟင်းခါးကို ဆိုင်တွေမှာ ၀ယ်စားတာများပေမယ့် အိမ်မှာ ကိုယ်တိုင်လုပ်စားချင်သူများအတွက် အထူးရည်ရွယ်ထားပါတယ်။ မုန့်ဟင်းခါးထဲမှာမှ အိုးဘဲဥ မုန့်ဟင်းခါးမှ ၀တ်ရည်က ကြိုက်တာ။ ဒါပေမယ့် ၀တ်ရည် အရင်က မုန့်ဟင်းခါး တစ်ခါမှ ကိုယ်တိုင်မချက်ဖူးဘူး၊ အဒေါ်တို့၊ အမေတို့ ချက်တာတွေပဲ ကပ်စားနေတာ။ ဒီနေ့တော့ ကိုယ်တိုင် ချက်စားချင်တယ်၊ မြန်မာရိုးရာဓလေ့ဖြစ်တဲ့ မုန့်ဟင်းခါးတောင် မချက်ဖူးရင် မကောင်းဖူးရယ်လို့ တွေးမိတယ်။ ဒါကြောင့် စချက်တဲ့အနေနဲ့ မုန့်ဟင်းခါး ၁ပိသာစာ တအိမ်သားလုံး စားလို့ရအောင် ချက်ဖြစ်သွားတယ်။ အဒေါ်ပေးတဲ့နည်းအတိုင်း ချက်လိုက်တဲ့ အရသာက တကယ်ဂွတ်ရှယ်ပဲ၊ အိမ်သားတွေလည်း အရမ်းအားပေးကြတယ်။ ဒါကြောင့် ချက်နည်း အဆင့်ဆင့်ကို ပုံနှင့်တကွ ဖော်ထားထားပေးလိုက်ပါတယ်…
ရန်ကုန် မုန့်ဟင်းခါးအတွက် ပါဝင်ပစ္စည်းများ
၁။ မုန့်ဟင်းခါးဖတ် – ၁ပိသာ

၂။ ငါးခူး – ၄၀ ကျပ်သား (ငံပြာရည်၊ ဆနွင်းမှုန့်၊ စပါးလင် ရေနည်းနည်းဖြင့် ပြုတ်ပြီ အသားထွင်ထားပေးပါ)

၃။ ငပျောအူ – ၁အူ (အရင့်များဖယ်ပြီ အနုများကို ပါးပါးလှီးပြီလျှင် ဆနွင်း(လက်ဖက်ရည်ဇွန်း ၁ဇွန်း)ထည့်ကာ ရေရော စိမ်ထားပေးပါ)
မှတ်ချက် ။ ။ ဆနွင်းစိမ်ခြင်းမှာ ငပျောအူများ မမဲသွားရန်ဖြစ်သည်။

၎။ ဆန်လှော်မှုန့် – ၁၀၀ ဂရမ် (ရေဖြင့် ဖျော်ထားပေးပါ)
၅။ ကုလားပဲ – ၁၀ကျပ်သား (နူးအိအောင် ရေဖြင့်ပြုတ်ထားပြီ blenderဖြင့် ကြိတ်ထားပေးပါ)
မှတ်ချက် ။ ။ ကုလားပဲပြုတ်ရည် အချိုရည်များကို မုန့်ဟင်းခါးချက်ထဲ ထည့်ရန် သိမ်းထားပါ။
၎။ နံနံပင်၊ ပဲသီး၊ ပူစီနံ – ၁စည်း (ပါးပါးလှီးထားပါ)

၅။ ပဲကြော်
၆။ ဘဲဥ – ၁၀လုံး (ကျက်အောင် ပြုတ်ထားပေးပါ)
ရ။ ကြက်သွန်နီ – ၂၀လုံး (အခွံခွာထားပေးပါ)


ဆီသပ်ရန် ပါဝင်ပစ္စည်းများ
၁။ ကြက်သွန်နီ – ၂၀ကျပ်သား (ထောင်းထားပါ)
၂။ ကြက်သွန်ဖြူ – ၁၅ကျပ်သား (ထောင်းထားပါ)
၃။ ဂျင်း – ၅ကျပ်သား (ထောင်းထားပါ)
၎။ စပါးလင် – ၃ပင် (နှုတ်နှုတ်စဉ်းထားပါ)
၅။ ဆီ – ၁၀ကျပ်သား
၆။ ငရုတ်ပွနီ – ၅ထောင့် (ထောင်းပြီ ကြိတ်ထားကာ ငရုတ်သီးနှစ်ယူပါ)
ရ။ ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
၈။ ငရုတ်ကောင်းမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း အမောက်
ပြင်ဆင်နည်း
၁။ ငါးခူးကို ငံပြာရည်(လက်ဖက်ရည်ပန်းကန်လုံး တ၀က်)၊ ဆနွင်းမှုန့်(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ စပါးလင်(၁ပင်)ကို ချည်ပြီ ပြုတ်ပေးထားပါ။
၂။ ပြီးလျှင် ပြုတ်ပြီသား ငါးခူးကို အသားနွင်းပေးပါ။

၃။ ရလာသော ငါးခူးအရိုးများကို စပါးလင်(ပါးပါးလှီးထားသော စပါးလင်များဖြင့် ရောပြုတ်ပေးပါ။ ပြီမှ အရိုးပြုတ်ရေများကို စစ်ယူထားပြီ ဖယ်ထားပေးပါ။
ချက်ပြုတ်နည်း
၁။ ဒယ်အိုးထဲသို့ ဆီထည့်ပြီ ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်ဖြူ၊နီ၊ စပါးလင်၊ ဂျင်းတို့ကို အရင် ဆီသပ်ပေးပါ။

၂။ နောက်မှ ငရုတ်သီးအနှစ်၊ ဆနွင်းမှုန့်တို့ကို ထည့်ရောမွှေလိုက်ပါ။
၃။ ပြီနောက် ငါးအသားများထည့်၊ ငရုတ်ကောင်းမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)စာ ထည့်မွှေလိုက်ပါ။
၎။ အရသာအပေါ့အငံ့အတွက် ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ပေးပါ။

မုန့်ဟင်းခါး စချက်ပါတော့မည်
၅။ ငါးဆီသပ်ပြီလျှင် မုန့်ဟင်းခါးချက်ရန် ဒယ်အိုးကြီး တစ်ခုထဲသို့ (ငါးဆီသပ်၊ ပဲပြုတ်ရည်၊ ငါးအရိုးပြုတ်ရည်များ၊ ရေ(၂လီတာ)၊ စပါးလင်(၂ပင် ချည်ပြီသား))တို့ကို ထည့်ကာ ရောမွှေလိုက်ပါ။
၆။ ပြီလျှင် ရေဖြင့်ဖျော်ထားသော ဆန်လှော်မှုန့်၊ blender နဲ့ကြိတ်ထားသော ပဲများကို ထည့်ပြီ ရောမွှေပေးပါ။
ရ။ ထို့နောက် ဆူအောင် တည်ထားပြီမှ အပေါ့အငံ့အတွက် ကြက်သားမှုန့်၊ ငံပြာရည်(၁ခွက်)၊ ဆား(စားပွဲတင်ဇွန်း ၁ဇွန်း)၊ သကြား(စားပွဲတင်ဇွန်း ၁ဇွန်း)တို့ကို ထည့်ပေးပါ။
၈။ ဆန်လှော်မှုန့် ပွလာမှ ငပျောအူများ ထည့်ပေးပါ။
၉။ ငပျောအူနူပြီဆိုလျှင် ပြုတ်ထားသော ဘဲဥများ နှင့် ငရုတ်ကောင်းမှုန့်(စားပွဲတင်ဇွန်း တ၀က်) ဖြူးပေးပါ။
၁၀။ ကျက်ခါနီးမှ ကြက်သွန်နီများကို အလုံးလိုက် ထည့်လိုက်ပါ။


၉။ ကြက်သွန်နီများ နူသွားလျှင် မီးပိတ်ထားပြီ ပန်းကန်တစ်ခုထဲ မုန့်ဟင်းခါးဖတ် ၁၀ကျပ်သား၊ နံနံပင်၊ ပဲကြော်များဖြင့် ပြင်ဆင်ထားပါ။

၁၀။ မုန့်ဟင်းခါးရည်များထည့်ပြီ အိုးဘဲဥ ရန်ကုန်မုန့်ဟင်းခါးကို အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…..



အဆင်ပြေရင် fb လေး like လုပ်ပေးခဲ့ပါနော်>>>> ( ဒီမှာ )

အနီရောင်လေးဆိုက်မှ ကူယူ မျှဝေ လိုက်ပါတယ်