This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, May 29, 2014

ဆယ်ကျော်သက် အိမ်မက်ပေါ. ။



ဆယ်ကျော်သက် အိမ်မက်ပေါ. ။

ပန်းတွေဖုံးပေမယ်. လွမ်းသလိုပြုံးခဲ့ဖူးတယ်
တကယ်ဆို အဲ့ဒီတစ်ချိန်ဆိုတာ ဘယ်တော.လဲ
ငါ ကိုယ်တိုင် မဖြေတတ်ခဲ့
ပထမ ဆိုတဲ့အကြောင်းတွေ စဉ်းစားတိုင်း
ပြဇာတ်ဆန်ဆန် နတ်သမီး ပုံပြင်တွေ မြေခကုန်တယ် ။

သေ သေချာဆုပ်ကိုင်ဖူးတဲ့ရက်စွဲအချို့
ခုတော့နွေမုန်တိုင်း စစ်စစ်ဖြစ်
အစိမ်းဝတ် မနက်ဖြန်တွေကြား
အပ်ကြောင်း များစွာနဲ. ဓါတ်ပြားတစ်ချပ် ဖြစ်သွားပြီ ။

တမ်းတမိတဲ့ အတိတ်အချို.
မိုးရာသီ ရဲ. ထီးတစ်လက်လောက် အရာမ၀င်ခဲ့ဖူး
ဒါတောင် …. ငါက
နဝေတိမ်တောင် နဲ.မေ.မရခဲ့တာ ။

( လူပီသစွာ ) နည်းနည်းတော. ရူးတယ်ထင်ရပေမယ်.
သကြားလုံးဆန်ဆန် အတိတ် ဖြစ်ရင် ဘယ်လောက်ကောင်းမလဲ
ချိုရင်ချို ….  ပါးပြီးပျောက်ရင်ပျောက်ပေါ. ။

့သက္ကရာဇ်တွေတိုက်စားတဲ့အခါမေ့သွားမှာပါ ဆိုတဲ့ ရူပဗေဒ ဆန်တဲ့အတွေး
နင်.အတွက် မသိပေမယ်.
ငါ.အတွက်က
သီအိုရိတွေသာ အမြဲတမ်း မှန်နေရင်
သေချာတယ် …..  သတိရခြင်းဟာ ထာဝရ ကိန်းသေပေါ. ။



အ ကြောင်းပြချက်မဲ့ ရူးသွပ်ခြင်းတွေကြား
( ငါ.ဘာသာ ) မေ.လို.ရပြီ ထင်ခဲ့တာ …..
ဟုတ်တယ် နင်က စွန့်လွှတ်ခြင်း နဲ.အနစ်နာခံခဲ့တာ
ဟုတ်တယ် ငါက မျှော်လင်.ခြင်းကို ခြွေနင်းခဲ့တာ
နင်က တစ်ဖြေးဖြေး  ဟိုးး အဝေးကို
ငါက ဥပေက္ခာ တွေကြား နစ်မြုပ်
ငါကိုယ်တိုင် ဆွဲမထုတ်နိုင်တဲ့
ကပ်ငြိအတိတ် ခပ်မဆိတ်မေ.မပြေ
ငါ.နွေ… ရပ်ဝန်းမှာ မိုးမရွာပေမယ်.
( ပုံမှန်အတိုင်းပဲ )
ကံ.ကော်ပန်းတွေ တော. ဝေနေခဲ့တယ် ။
( တစ်ခါတစ်လေ )
ရင်ဘတ်ဖက် ကတော.   ဆစ်ကနဲ ဆစ်ကနဲ ။

မုန်းလောက်အောင် ပြုံးပြီး ကျောခိုင်းခဲ့ကြတာမို.
ဆောင်းလောက်တော. မအေးချမ်းနိုင်ဘူးလေ
တကယ်က
ငါတို….. နှုတ်ဆက်ဖို.သက်သက် တွေ.ခဲ့ကြတာသာဆို
ရင်ထိုး ဓါး တစ်စင်းစီတော. ဆောင်ခဲ့ရမှာ
တစ်ယောက်က သူတော်စင်လို. ကြွေးကျော်ခဲ့တဲ့
ဇာတ်လမ်းရဲ. အဆုံးသတ်မို.လေ …. ။

ငါ…….
ဆုတောင်းတယ်…….
ကမ္ဘာလည်တာ မရပ်သရွေ.
ငါတို…..

ပြန်မတွေ.ကြပါစို.


Princess Atavan
ကဗျာများဖတ်နိုင် ဖို့ကြိုးစားပြီးလိုက်ရှာတင်ဆက်ပေးနေပါတယ်မိတ်ဆွေများအနေနဲ့ 
fb လေး like လေးလုပ်ပေးခြင်းဖြင့်အားပေးပါရန်တောင်းဆိုလိုက်ပါရစေ
 
 

မောင်စိန်ဝင်း (ပုတီးကုန်း) ၏ ကဗျာ များ (၁)

၇တနာ ကဗျာများ
(၁)
အမေ့ခက်သည်၊ နေ့ရက်များစွာ
ရတနာ …
မျှော်လင့်ကြည်နူး၊ စိတ်ကူးများစွာ
ရတနာ …
တပ်မက်နှောင်ရစ်၊ ချစ်ခြင်းများစွာ
ရတနာ …
ပျော်ဖူးသည့်ရက်၊ အိပ်မက်များစွာ
ရတနာ …
ဝမ်းနည်းကြေကွဲ၊ ခွဲခွာဆို့နင့်၊
နွေနှင်းပွင့်လို၊ နေမြင့်လျှင်ပြေး၊
ဟိုးဝေးဝေးမှာ၊ မှုန်မှေးပြက်ပျယ်၊
ချန်ထားရက်လျှင် …
တစ်သက်နှောင်ရစ်ဖွဲ့၊ လက်ဆောင်အဖြစ်နဲ့
အချစ်ရဲ့ရုပ်ကြွင်း၊ “လွမ်းချင်း” ကဗျာ
ရတနာလေ …
ရင်မှာထာဝရကျန်လိမ့်မည်။ ။
(၂)
ရှိစေချင်သည် …
နားလည်မည့်သူ၊ အပူကိုမျှ၊
ဖေးမ အားဖြည့်၊ ကြင်နာကြည့်များ၊
စကားချိုမြွက်၊ ယုယရက်ရှည်၊
ချမ်းမြေ့ကြည်နူး၊ နေဖူးချင်သည် …. ။
သူကမေ့လျှင်၊ ညှိုးသွေ့ရော်ရွက်၊
အလက်မဝေ၊ ခက်မဝေတည့်၊
နွေနေထိပန်း၊ ကြွေမည့်ပန်းပါ၊
တမ်းတ ဝမ်းနည်း၊ မနာကြည်းဝံ့၊
အထီးကျန်ဆွေး၊ ဟိုရှေးရှေးလို၊
ဝေးဝေးကသာ လွမ်းပါမည် …. ။
သူနှင်မည့်နေ့၊ တနေ့နေ့ကို၊
ရွေ့ရွေ့ဖြတ်သန်း၊ လမ်းအဆုံးတည့်၊
မသိမဟုတ်၊ ထိန်းချုပ်ကင်းမဲ့၊
လျှောက်ခဲ့ပြီလား၊ စကားပြောဖော်၊
ခံစားဖော်ဖြစ်၊ သူစိတ်ညစ်မလား၊
ဖြစ်ခဲ့သည့်ဝန်၊ ကိုယ်အလွန်ချည်း၊
နစ်ကျွံလင့်မျှော်၊ နားလည်သော်မှ၊
အဖော်တသက်၊ မခေါ်ရက်ပါ၊
ပျော်လျက်ပျော်ရာ နေပါစေ … ။
သံယောဇဉ်များ၊
စကားအကြည့်၊ တွယ်ငြိထပ်ထပ်၊
ဖြေလျှောဖြတ်ခက်၊ လပ်ဟာမွတ်သိပ်၊
တမ်းတစိတ်ဖြင့်၊ ပျော်ရိပ်ပျော်ဟန်၊
မပြန်ချင်မိ၊ ရှိစေချင်သည် … ။
နားလည်မည့်သူ၊ အတူတကွ၊
အပူမျှလျက်၊ ယုယရက်ရှည်၊
ချမ်းမြေ့ကြည်နူး၊ နေဖူးလိုက်ချင်၊
စိတ်ကူးယဉ်သည် … ။
(၃)
မမေ့တတ်ဟု၊ ယုံမှတ်ပြန်သည်၊
မှောင်ရီမိုးသည်း၊ မလာလဲလေ၊
လာနေမလား၊ ထသွားပြန်ခက်၊
လာလျက်နဲ့များ၊ လွဲသွားမည်စိုး၊
မိုးချုပ်တော့မည် … ။
ခရေလမ်းကို၊ လှမ်းငေးမျှော်မော၊
မြင်ရသောသူ၊ ဪသာ် .. သူမဟုတ်၊
အလုပ်သွားပြန်၊ တရံတဆစ်၊
ချစ်သူတွေလား၊ မိုးကြားလေထဲ၊
နှစ်ယောက်တွဲပျော်၊ အဖော်နှင့်လေ၊
ခရေတန်းအောက်၊ သူလာလျှင် တယောက်တည်း၊
မလာရဲလို့လားကွယ် … ။
လေတချက်ဝေ့၊ မိုးစက်ထိမှန်၊
ပြန်မှဖြစ်မည်၊ မိုးချုပ်ပြီကွယ်၊
တကယ်ဆိုလျှင်၊ အမျှင်မပြတ်၊
မတ်တတ်စောင့်ဆဲ၊ မိုးပိုသည်းပြန်၊
တရံတခါ၊ လာမည်ဆက်ဆက်၊
မိုးစက်ကြားမှာ၊ ကြားယောင်လာ၏၊
သတိတော့ရမှာပါ … ။
မတွေ့ခြင်းဖြင့်၊ တွေ့ခြင်းများစွာ၊
မလာခြင်းဖြင့်၊ မျှော်လင့်ရင်မော၊
သောကဟု မဆိုသာ …
ဗျာပါဟု မဆိုချင် …
သံယောဇဉ် တခုခုဖြင့် …
ဘယ်သူ့ဘယ်သူ၊ ခွန်းကျူချိုသာ၊
မမှာမကြား၊ ချိန်းမထားပေမင့်၊
စကားများစွာ ပြောချင်သည် …။
(၄)
ပန်းကလေးတောင်မှ၊
နမ်းလို့ မမွှေးရဘူးကွယ် …
ခေါင်းအုံးမှာ ပါးကိုအပ်
မအိပ်တတ်ပါနဲ့ အချစ်ရယ် …
နေထိုးတဲ့အခါ နေပြောက်ကလေးတွေ
ရေချိုးတဲ့အခါ ရေပေါက်ကလေးတွေ
အသားကို ထိနေတာတောင်မှ
စိတ်ထဲမှာ ဘဝင်မကျချင်ဘူး
လရောင်ကိုလည်း(လဲ) မနာလို
လေပြည်ကိုလဲ မကျေနပ်နဲ့
ချစ်တတ်လွန်းလို့ သဝန်တိုတာ
အချစ် ကိုယ့်ကို နားလည်ပါကွယ် …။
ဘယ်တော့ပဲဖြစ်ဖြစ်
ဘယ်တော့မှ မမေ့ချင်ဘူး
ဘယ်နေ့မှ မခွဲချင်ဘူး
စိတ်ကူးနှင့်တောင် မဝေးရဲ
အိပ်မက်ထဲတောင် အူတိုတတ်ပါရဲ့
အမှတ်တရကွယ် ခြေရာအသစ်တွေနဲ့
ကိုယ့်အချစ်ကလေ ..
ဖြတ်မရတဲ့ ဝေဒနာချစ်။ ။
(၅)
တသက်တာ၌
နှစ်ခါတောင်းပန်၊ မတောင်းခံပါ၊
တခါနှင့်မရလျှင်၊ ဘာမှ မယူချင်ခဲ့သူပါ …
တစ်စုံတရာကို၊ နှစ်ခါမလုပ်၊
တစ်ခါလုပ်ရုံ၊ ပြီးပြည့်စုံမှ
အားရကျေနပ်၊ နေတတ်ခဲ့သူပါ …
တစ်ညတည်းမှာ၊ နှစ်ခါမအိပ်၊
သိပ်သတိရ၊ ညညတွေမျိုး၊
တစ်ရေးနိုးလျှင်၊ မိုးလင်းအထိ
ဆက်ထိုင်မိတတ်သူပါ …
တစ်ငုံတစ်ဖူး၊ တစ်ပွင့်ခူး၍
ပန်းဦးအိပ်မက်၊ တစ်သက်တစ်ခါ
တစ်မျက်နှာတည်း
နှစ်မျက်နှာလည်း မတမ်းတတတ်သူပါ …
ဒါပေမယ့်ကွယ်
ဘယ်တော့ဖြစ်ဖြစ်
အချစ်ကို တွေ့နေဖို့
အချစ် ကိုယ့်ကို မမေ့စေဖို့
အောက်ကျို့တောင်းပန်၊ အဖန်ဖန် အထပ်ထပ်
တစ်ရံမလပ်ပါ၊ နှစ်ခါမက
တဖွဖွနှင့်၊ မာနမဲ့တတ်သူပါကွယ်။ ။
(၇)
တစ်သက်တာ ထာဝရ၊
တစ်မျက်နှာသာ တစ်ဘဝလို့ထင်ပါတယ် … ။
သူမေ့စေတော့ရယ်လို့၊
မတွေ့အောင် တမင်ထိန်း၊
ခပ်စိမ်းစိမ်း နေပါမယ် … ။
တစ်နေ့တစ်ရက်တောင်မှ၊
အတွေ့ခက်လျှင် ဘယ်လိုမျှော်လို့၊
ဘယ်လိုနော် ရင်မှာရှိလေမလဲ၊
သူသိမယ်ထင် ထင်ရဲ့၊
ခင်ခင်ရယ် သည်ရင်ကျွမ်းပြီပေါ့၊
အလွမ်းဆုံး နေ့တွေရယ်၊
မေ့နေမယ်လို့ ထင်သလား … ။
အနေဝေးပေမယ့်၊
အတွေးမှာ နှစ်ကိုယ်ဆုံရဲ့၊
ဘယ်လိုပုံ ဘယ်လိုလွမ်းတယ်ကွယ့်ရယ်လို့၊
ဖွဲ့နွဲ့ကာ သောကဇာတ်ကိုလည်း၊
ပြောပြတတ်လျှင် သူငိုချင်မလား၊
ငြိုငြင်လျှင် ကိုယ့်အပြစ်ပါပဲ၊
သိပ်ချစ်သူ သူစိမ်းရုပ်နဲ့၊
ထိမ်းချုပ်စေသား။ ။
(၈)
ပန်းတို့၏ဝတ်ရည်များ
ပျားရည်ဖြစ်သည် …
ကမာကောင်တို့၏ အသဲ (အသည်း)
ပုလဲ ဖြစ်လိမ့်မည် ….
တမ်းတခြင်း အိပ်မက်သည်
လွမ်းရာသီ ရှည်လျား။
သူ့ကိုတွေ့တဲ့ရက်
သူ့ကိုမမေ့တဲ့ရက်
သောကရဲ့လက်ဆောင်တွေ
ဝေဒနာလို ရင်မှာကျွမ်း
အလွမ်းဖြစ်သွား။ ။
(၁၀)
တိမ်နှင့် လိုက်၍၊ တိမ်တိုက်ကြားမှာ
ပျော်ဖူးပါရဲ့၊ သူနှင့်အတူ။
လရောင်ဒန်းစီး၊ တေးချင်းညည်းဆို
ခရီးတစ်ထောက်၊ လျှောက်ဖူးပါရဲ့
သူနှင့်အတူ။
တွယ်မက်ဆွတ်ပျံ့၊ ပန်းရနံ့ထဲ
တွဲဖက်ကြည်နူး၊ နေပျော်ဖူးရဲ့
သူနှင့်အတူ။
နိုးနေသည်ဟု
မှောင်ရီညနက်၊ အိမ်မက်မက်ဆဲ
အိမ်မက်ပဲကွယ်၊ တကယ်ဆိုက
အိပ်မောကျသူ
ဘဝမနက်၊ နေအထွက်မှာ
ခွဲခွာချန်ရက်၊ ထားခဲ့ရက်မည်
သိလျှက်မေ့မှာစိုးပါသည်။
(၁၂)
 
ခွဲရက်ခွာစွန့်၊ ဝေးသွားဝံ့မှ
အပူစတွေ၊ သူမျှ ဝေလို့
ခြွေနှင်းတစ်စက် ၊ ကြွေဆင်းသက်အောင်
မျက်တောင်ဖျားဆွတ်၊ သီဝေ့ညွှတ်ခို
စိုရင်းစီးနေ
ဪသာ် ……. ငိုချင်းလည်း မရှည်တော့ပါဘူးကွယ်။
သူခင်းတဲ့လမ်း၊ သူနင်းမည့်ငြမ်း
ချမ်းမြေ့ဝမ်းမြောက်၊ လှမ်းလျှောက်ပါစေ
သူငဲ့နေလျှင်၊ ဖြေပြေရာခက်
ဝေဒနာသက်ရင့်၊ လက်ဆင့်ကမ်းသလို
ငို …….. ငို ……… ငိုမှာစိုး
ဪသာ် …….. ကိုယ် ……….. ကိုယ်သာ အဆိုးဖြစ်စေတော့။
ရင်နာစရာလဲ၊ မင်္ဂလာပါပဲကွယ်လို့
ရယ်ရင်းနှုတ်ဆက်၊ မေ့နိုင်ရက်စေ
မေ့ပါစေကွယ်၊ လွယ်လွယ်ခံစား
ချန်ထားပါစေ၊ ကံတရားလို့သာ ဖြေလျက်နဲ့ …….
မခြွေရက်တဲ့ပန်း၊ အကြွေခက်တဲ့ပန်း
အမြဲလန်းနေ၊ အလွမ်းတစ်ခု
ရင်ထဲနုမျစ်၊ ဖြစ်ပြီးမပျက်
သစ်ပြီးသထက်သစ်၊ နှစ်ရှည်လကြာ
ကာလတာရှည်မျော
ပြောမပြသာပြီ
အချစ်ရယ် …. ရင်ထဲမှာတော့ သောကရာသီ။ ။
 
ကဗျာများဖတ်နိုင် ဖို့ကြိုးစားပြီးလိုက်ရှာတင်ဆက်ပေးနေပါတယ်မိတ်ဆွေများအနေနဲ့ 
fb လေး like လေးလုပ်ပေးခြင်းဖြင့်အားပေးပါရန်တောင်းဆိုလိုက်ပါရစေ

Monday, May 26, 2014

Mozlla Firefix မှာ မြန်မာလို အပြည့် မပေါ်တဲ့ သူတွေ ဒီနည်းလေးကို ကြည့်ပေးပါ။


အခုမှစလေ့လာတဲ့ သူငယ်ချင်းတော်တော်များများက ပုံထဲကလို မြန်မာစာ အပြည့် မပေါ်ရင်, ဘယ်လိုလုပ် ရင် မြန်မာစာ အပြည့်ပေါ်မယ်ဆိုတာကို မသိကြပါဘူး။ အားလုံး လည်းအဆင်ပြေ နိုင်အောင် ဒီနည်းလေး ကို ကျနော်ပြန်လည် ရေးသားပေးလိုက်ပါတယ်။
အခု Update ထွက်တဲ့ Mozlla Firefix တွေကတော့ မြန်မာစာ အကုန်မပေါ်တာများပါတယ်။ မသိသေး သူ တော်တော် များများလည်း ဒီအတိုင်း သုံးနေကြပါတယ်။ ကျနော်အောက်မှာ ပုံနှင့် တဆင့်ချင်း ပြ ထားပေး ပါတယ်။ ပုံကိုကြည့်ပြီး သေချာ လေး လိုက်လုပ်ကြည့်လိုက်ပါ။
မြန်မာလိုအားလုံးမြင်ရပါမယ်။ 100 % အာမခံပါတယ်။ အောက်မှာ ပုံကိုသာ ကြည့်ပြီး လိုက် လုပ်ကြည့် လိုက်ပါ။


ဒီလောက် ဆို သူငယ်ချင်းများ ယခုနည်းကို ကောင်းစွာ နားလည်နိုင်မယ် လို့ ယူဆပါတယ်။ အဆင်မပြေသာ တွေရှိရင်လည်း ကျနော့် ၀က်ဆိုဒ် ရဲ့ Cbox မှာ လာရောက် မေးမြန်းနိုင်ပါတယ်။ ကျနော် နားလည်သလောက် ပြန်လည် ဖြေသွားပေးမှာ ဖြစ်ပါတယ်။
အားလုံးအဆင်ပြေပါစေ.......။
မိတ်ဆွေများကျေးဇူးပြုပြီး FB လေးမှာ LIKE ပေးခြင်းအားပေးပါနော်

Extra FLV SWF Video Converter + Resgister key



Extra FLV SWF Video Converter ဆောဝဲလေးကတော့အားလုံးပဲ သိပြီးသားလို့ထင်ပါတယ်...။ အရမ်း အသုံးဝင်တဲ့ converter လေးဖြစ်ပါတယ်.....။သူ့ရဲ့ convert နိုင်တဲ့ ဖိုင်တွေကတော့ FLV and SWF to AVI, MPEG, Apple iPod, Apple iPhone, Apple TV, Sony PSP, Mobile 3gp, Zune, WMV, FLV, MOV and Audio အစရှိတဲ့ ဖိုင်တွေဖြစ်ပါတယ်...။full version သုံးလို့ရအောင် resgister key ပါပေးထားပါတယ်....။
စိတ်ဝင်စားရင် အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါတယ်.....။
  

အားလုံးအဆင်ပြေပါစေ.....။
ဇော်မင်းသန်း ....။
မိတ်ဆွေများကျေးဇူးပြု ပြီး FB လေးမှာ LIKE ပေးခြင်းဖြင့်အားပေးပါနော်

AVS Video Converter v8.4.1.540 Full version Free Download





ဗီဒီယိုတွေကို ဖိုင်းဆိုဒ်အသေးဆုံးဖြစ်အောင်ဖန်တီပေးမဲ့ဆော့ဝဲလေးတစ်ခုဖြစ်ပါတယ် ဒီဆော့ဝဲလေးကိုသုံးဖူးသူတိုင်းသိကြပါတယ်
ကျွန်တော်ကတော့မသုံးဘူးလို့မသိသေးပါဘူး ကျွန်တော် စမ်းသုံးပြီး အချိန်ရရင် အသုံးပြုနည်း တင်ပေးပါမယ်နော် ခုတော့မသိသေးသူတွေ အတွက် ဆော့ဝဲလ်ကောင်းလေး မိတ်ဆက်ပေးလိုက်ပါတယ်နော် လိုအပ်သူများအောက်မှာဒေါင်နိုင်ပါတယ် လင့်များသေခဲ့ရင်FB ချက်ဘောက်မှာပြောနိုင်ပါတယ်နော်

( ဒီမှာ ) ဒေါင်းပါ 
( ဒီမှာ) ဒေါင်းပါ



RAR PASSWORD >>>>>>mitvillage.blogspot.com
မိတ်ဆွေများကျေးဇူးပြု ပြီး FB လေးမှာ LIKE ပေးခြင်းဖြင့်အားပေးပါနော်

Sunday, May 25, 2014

Andriod Version 2.2 အထက်တွေမှာ အသုံးပြုနိုင်တဲ့ Adobe® Photoshop® Touch


Andriod Version 2.2 အထက်တွေမှာ အသုံးပြုနိုင်တဲ့ Adobe Photoshop လေးလာပါပြီ။ အရင်က version 4.0 အထက်တွေမှ အသုံးပြုလို့ရတယ်။ အခုတင်ပေးလိုက်တာက Andriod Version 2.2 လောက်ဆိုရင် အားလုံး အဆင်ပြေပါပြီ။ ဖုန်းနဲ့ Photoshop သုံးချင်တဲ့ သူငယ်ချင်းတွေအတွက် အဆင်ပြေအောင် ရှာပြီး တင်ပေးလိုက်တာပါ။ 
အသုံးပြုနည်းတွေကတော့ YouTube မှာ ၀င်လေ့လာနိုင်ပါတယ်။ Photoshop ဆိုရင် အားလုံး သိပြီးသား ဖြစ်ကြ မှာပါ။ အထွေထူး မရှင်းပြတော့ပါဘူးနော်။ ပုံတွေ နောက်ခံပြောင်း ဒီဇိုင်းအမျိုးမျိုး ကို ဖုန်းမှာပဲ ဖန်တီးချင်တဲ့ သူငယ်ချင်းတွေကတော့ Photoshop ကတကယ် ဆောင်ထားသင့် တဲ့ ဆော့ဝဲလ် လေးဖြစ် ပါတယ်။ 
Photo ဒီဇိုင်းပိုင်းမှာ Photoshop ကအကောင်းဆုံး အသုံးဝင်ဆုံးပဲ ဖြစ်ပါတယ်။ Playstore မှာဆိုရင် US$9.99 .ပေးဝယ်ရပါတယ်။ အခုကျနော့်ဆိုဒ်မှာ Free ဒေါင်းယူနိုင်ပါပြီ။
စိတ်ဝင်စားရင်အောက်ကလင့်မှာ စိတ်ကြိုက်ဒေါင်းနိုင်ပါပြီ။
App Screenshots




အားလုံးအဆင်ပြေပါစေ.......။ 

မိတ်ဆွေများကျေးဇူးပြုပြီး FB လေးမှာ LIKE ပေးခြင်းအားပေးပါနော်

photoshow နဲ့ ပုံဖြတ်နည်း နဲ့ save နည်း

photoshow နဲ့ ပုံဖြတ်နည်း နဲ့ save နည်းလေးကိုတင်ပေးဖို့ပါဘဲ ကျွန်တော်အလုပ်တွေကလဲများ နေလည်းမကောင်းဖြစ်နေလို့ပါ မနေ့ကကျွန်တော် fb သုံးရင်း ပုံဖြတ်ပြီးသားလေးတင်လိုက်ပါတယ် comment အသိတစ်ယောက်က အကြံပေးစကားပြောလာပါတယ် ကျွန်တော်ဆရာဆိုလဲမမှားပါဘူး ကျွန်တော်က ဆရာများတယ် ခ်ခ် ဒီလိုမျိုးပြောလာတာပါ
  Zaw Min Than ချာရေ ဖိုတိုေ၇ှာ့ပုံ တင်နေတာထက် အဲလိုပုံကိုဘယ်လိုလုပ်၇တယ် ဆိုတာ နည်းပါတင်ပေးနော် မသိသေးသူအတွက် တကယ်တန်ဖိုး၇ှိတယ်။ ဒီလိုအကြံပေးတဲ့ ဆရာ  Zaw Min Than ကိုကျေးဇူးတင်မိပါတယ်။ ဒီနေ့လဲ ကျွန်တော်နေမကောင်းသေးပါဘူး မကောင်းတဲ့ကြားကဘဲ မသိသေးတဲ့ ညီအကိုယ်မောင်နှမတွေ သူငယ်ချင်းတွေ အတွက်နေရာတစ်နေရာမှာ အသုံးလိုမယ်ထင်လို့ကြိုးစားပြီတင်ပေးလိုက်ပါတယ် သိပြီးသား ဆရာတွေကျော်သွားပါနော် လေ့လာရင်ပိုစ့်ချသူမို့ မှားတာလေးများပါရင် ခွင့်လွက်ပေးပါနော် ။ ကဲ စကားတော့များပြီး ပြီလုပ်ငန်းလေးစရအောင်နော်

(၁)ပုံမှာပြထားတာတော့ ဖြတ်ချင်တဲ့ အပုံကို ဆွဲထည့်တာပါ open သွားပြီး လုပ်ချင်တဲ့ပုံခေါ်ပါ။


(၂)မှာတော့ပုံရောက်လာပြီဆို ပုံကိုဖြတ်လို့ကောင်းအောင် အကြီးချဲ့ပေါ အကြီးချဲဖို့ မျှားပြထားတာနိုပ်ပါ + ပုံစံဆိုအကြီးချဲတာပါ သေးချင်ရင်တော့ ကီးဘုပ်ပေါ်မှာရှိတဲ့ ( Alt ) ကိုလက်နဲ့နိုပ်ထားရင် ( - ) ပေါ်ပါတယ် အပုံကိုသေးစေတာပေါ့..ခ်ခ် ..ကျွန်တော်လိုလူရှိမယ်ထင်လို့ သေချာရှင်းပြတာပါ


(၃) လိုသလောက်ချဲ ပြီးရင်တော့ ဖြတ်ဖို့ အရာလိုက်ပေးရမယ် (၁)မျှားမှာပြထားတာက အရာပေးမယ် ကရိယာပါ (၂)မျှားမှာပြထားတာတော့ ဖြတ်မယ့် ကရိယာပေါ့ ၊ ကျွန်တော် သူများတွေလို အင်္ဂလိပ် လိုမရှင်းပြတာ ကျွန်တော် အင်္ဂလိပ်လိုမရလို့ပါ ဒါကိုနားလည်ပေးပါ ၊ ကဲဆက်ကြည့်ရအောင်

 (၄) မှာတော့ (၁)မျှားကို အရင်နိုပ်ပြီး ဖြတ်မယ့်နေရာမှာတစ်ချက်ထောက်လိုက်ပြီး ကိုယ်ဖြတ်မယ့် တဝိုက်ကို လိုက်ဆွဲလိုက်ပါ (၂) မျှားမှာပြထားသလို အစကဆွဲးသွားတာကို ကိုယ်ဖြတ်မယ့်နေ့ရာ ကိုဝိုင်းသွားအောင် အစနေရာမှာဘဲ အဆုံးသက်ရပါတယ် (၂)မှာပြထားသလိုဖြတ်မယ့်နေရာ အရာလေးနဲ့ဝိုင်းသွားရင်တော့ (၃) မှာပြထားတဲ့ မျှားနိုပ်ပြီးဖြတ်ပါ၊




(၅)မှာတော့(၁) မျှားမှာ ပြထားတာနဲ့ ဖြတ်တာ (၂)ပုံရလို အဖြူ ဖြစ်နေတယ်
အဖြူ ဖြစ်နေရင်မရဘူး ဘာလုပ်ရမလဲ (၃) မျှားမှာပြထားသလို လော့ဖြစ်နေတယ် လော့မရှိအောင် လော့ဖြောက်ရမယ်


( ၆)တော့ လော့ဖြစ်နေတဲ့ အပြာရောင်လေးကို ၂ ချတ် ကလစ်ရင် ဘောက်လေးတက်လာမယ် တက်လာတဲ့ဘောက်မှာ ok ဖြေပေးရင်ရပါပြီ လော့ပြောက်သွားတာတွေ့ရမယ်

 (၇)လော့မရှိတော့ရင် (၁)မျှားထပ်နိုပ်ပြီး ဖြတ်ပါ၊ ဖြတ်ထားတဲ့နေရာ (၂) မှာပြထားသလို ကျားကွပ် ပုံစံပေါ်ရင်ရပါပြီ


(၈)ဒီမှာတော့ဘေး ဘောင်မလှလို့ ဖြတ်တာပါ ၊ လိုချင်ရင်တော့မဖြတ်နဲ့ပေါ့ ဖြတ်တာတော့အပေါ်မှာပြခဲ့သလိုပါဘဲ သတိထားရမှာတော့ ကိုယ့်ဖြတ်မယ်နေရာကို အစအဆုံးပြန်ဆက်ရမှာပါ (၃)မှာပြထားသလိုပေါ့ နားမလည်ရင်တော့ vdo မှာသေချာကြည့်ပေတော့ နော်


(၉)အောက်ပုံကတော့ ကျန်နေတဲ့ အစ တွေကို လိုက်ဖြတ်ဖို့ပါ (၁)မှာပြထားတာအရင်နိုပ်ပါ နောက်ပြီ အပေါ်မှာ ရှိတဲ(၂)မှာပြထားတဲ့နေရာနိုပ်လိုက်တာနဲ့ ပြင်ဖို့ ဘောက်ကျလာမှာပါ ပြင်စရာတွေအပုံပေါ် မူတည်သလို ကိုယ်စိတ်ပေါ်မူတည်ပါတယ် ဘောက်လေးတွေထဲမှာရှိနေတဲ့ အရာတွေကအများကြီးပါ ကိုယ်ကဖြတ်မှာဆိုတော့ အပေါ်ဆုံးက ၆ ခုလောက်ဆို လုံလောက်ပါပြီ ၆ ခုထဲမှ ကိုယ်လိုချင်တာရွေးပြီဖြတ်ကြည့်လို့ရပါတယ် လုပ်ရင်းနဲ့ သိသွားမှာပါ လိုက်စမ်းကြည့်ပေါ့ မှားရင် နောက်ပြန်ဆုပ်တာက    ကီးဘုပ်ပေါ်မှာ( ctrl+alt+z) နိုပ်ရင်ရပါတယ်















(၁၀)အားလုံးပြီးရင်တော့ save as လုပ်ဖို့ ပုံမှာပြထားသလို ဝင်သွားပြီး
save as ကိုနိုပ်ပါ



(၁၁)save as နိုပ်လိုက်တာနဲ့ အောက်ကအပုံတိုင်း ဘောက်ကျလာမှာပါ ဒီအဆင့်မှာ အရေးကြီးတယ် save တာမှားသွားရင် အစကပြန်လုပ်ရမယ် လုပ်ထားသမျှ အဖက်မတင်ဘူးပေါ့ (၁) မျှားမှာပြထားတာက ပေးချင်တဲ့နမည်ပေးပေါ့ (၂) မျှားမှာတော့ သတိထားရပြီ ဖြတ်ထားတဲ့ပုံသိမ်းမယ်ဆို (PNG) နဲ့သိမ်းရပါတယ် (JPEG) နဲ့သိမ်းတာက ဓါက်ပုံတွေပြင်ပြီး ဒီဇိုင်းလုပ်ပြီး သိမ်းတာပါ ၊ သူပေးထားတဲ့ အတိုင်းသိမ်မယ်ဆိုရင်တော့ နောက်တစ်ခါ အချိန်မရွေးပြန်ပြင်လို့ရပါတယ် ကျွန်တော်လဲဒီလောက်ဘဲသိတော့တယ် ခ်ခ်


(၁၂)ဒါကတော့ ဖြတ်ပြီးပုံနဲ့ မဖြတ်ရသေးတဲ့ပုံရှင်ပြထားတာပါ (၁) ကဖြတ်ပြီး (၂) ကမဖြတ်ရသေး ကဲနားလည်လောက်ပါပြီနော်၊ နားမလည်သေးရင်တော့ (vdo) ဖိုင်လေးဆက်ကြည့်ပေါ့နော် စာအုပ်လိုင်ချင်လဲဒေါင်းရပါတယ်

(ဒီမှာ)စာအုပ်

( ဒီမှာ ) vdo ဖိုင် 


မိတ်ဆွေများကျေးဇူးပြုပြီး FB လေးမှာ LIKE ပေးခြင်းအားပေးပါနော်