This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, April 25, 2014

Notepad နဲ့ Diary ရေးမယ်

ဒီနည်းလေးက ဘာမှတော့မဟုတ်ပါဘူး။ ကွန်ပျူတာမှာ Diary ရေးချင်သူများအတွက် ပါ။  သူက Notepad နဲ့ ရိုးရိုးရေးတာကိုမှ နည်းနည်းလေး ကညွှန့်လိုက်တာပါ။ ကျွန်တော်တို့ ပုံမှန်ရေးတယ်ဆိုရင် Notepad က ရက်စွဲကို မမှတ်ပေးပါဘူး။ ဒီနည်းလေးက ရက်စွဲလေးပါ တစ်ခါတည်းမှတ်ပေးထားပါတယ်။ ဘယ်လိုလည်းဆိုရင် Notepad ကိုဖွင့်ပါ။ ဘာမှမရေးသေးပဲနဲ့။ ထိပ်ဆုံးမှာ .LOG  ဆိုတာကို ရေးပါ။ ပြီးမှ မိမိရေးလိုသော Diary ကိုစရေးပါ ။ ပြီးရင် save လုပ်တဲ့အခါမှာ   unicode နဲ့ save ပါ။ ဒါမှပြန်ဖွင့်တဲ့အခါ မြန်မာလို မြင်ရမှာဖြစ်ပါတယ်။ အောက်ကပုံလေးကို နမူနာကြည့်ပါ။ 

အားလုံးကိုလေးစားလျက်......

Hard Disk ထဲက partition တစ်ပိုင်းပျောက်နေပါလား

ဒီတစ်ခါတော့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ error တစ်ခု ကိုပြောပြချင်ပါတယ်။ သူက ဝင်းဒိုးတင်ပြီးတဲ့ နောက်ပိုင်းမှာ partiton ခွဲထားတာက သုံးခု နှစ်ခုပဲ ပေါ်နေတယ်။ အဲဒါဘယ်လိုပြန်ပေါ်အောင်လုပ်ရမယ်ဆိုတာ ပြောပြပါ့မယ်။ မသိသေးသောသူများ အတွက်ပါ။  အရင်ဆုံး My computer ပေါ်ကို right click ထောက်လိုက်ပါ။ ပြီးရင် Disk Management ကလစ်ပေးပါ။ ပြီးရင် ပျောက်နေသော partition ကိုရှာပါ။ အဲဒီပေါ်ကို right click ထောက်ပါ။ change Drive latter and paths ကို ကလစ်ပေးပါ။ အဲဒီမှာ  C ရယ် D ရယ်က လွဲလို့ တခြား တစ်ခုခုကိုရွေးပါ။ ပြီးရင် ok ပေးပါ။ ဒါဆိုရင် ပျောက်နေတဲ့ partition ပေါ်ပါပြီ။ 





အဆင်ပြေပါစေ........

Control panel ဖျောက်နည်း

ဒီတစ်ခါ Control Panel ဖျောက်နည်းလေးပြောပြချင်ပါတယ်။ မသိသေးသောသူများအတွက်ပါ။  အကြောင်းအမျိုးမျိုးကြောင့် ဖျောက်ချင်တယ်ဆိုပါဆို့။  ဥပမာ- မိမိစက်ထဲက  Program တွေကို သူများ  မဖျတ်နိုင်အောင် ၊ တစ်ခုခုကိုပြင်လို့မရအောင်ပေါ့။
အဆင့်(၁) အရင်ဆုံး run box မှာ  gpedit.msc လို့ရိုက်ပါ။

အဆင့်(၂) Local Group Policy Editor  box အကြီးကြီးပေါ်လာပြီဆိုရင် အောက်ပါအတိုင်းအဆင့်ဆင့် သွားပါ။ User Configuration >>Administrator Templates >> Control Panel ထိ ရောက်အောင်သွားပါ။ 

အဆင့်(၄) Control Panel ကိုရောက်ပြီဆိုရင် ညာဘက်အကွက်ကိုကြည့်ပါ။   Prohibit access to the Control Panel ဆိုတာကို ရှာပါ ။ တွေ့ရင် အဲဒီပေါ်ကို right click ထောက်ပါ။ ပြီးရင် Edit ကို ကစ်ပေးပါ။
အဆင့်(၅) Edit  ကို  click ပေးပြီးပြီဆိုရင် နောက်ထပ် box တစ်ခုပေါ်လာပါလိမ့်မယ်။  အဲဒီမှာ Enabled ဆိုတာမှာ အစက်ကလေးပေးပါ။  ပြီးရင် Apply and ok ပေးပါ။ ဒါဆိုရင် start menu မှာ Control Panel ဆိုတာ တွေ့ရတော့မှာမဟုတ်ပါဘူး။ 
တကယ် ပြန်ပေါ်ချင်တယ်ဆိုရင် အပေါ်ကတိုင်း အဆင့်ဆင့်သွားပြီးနောက်ဆုံးအဆင့်မှာ  Not Configured မှာ အစက်လေး ပြန်ပေးပြီးတော့ Apply and Ok ပေးလိုက်ပါ။ 
အဆင်ပြေကြပါစေ....

Windows တင်ပြီးလိုအပ်သောဆော့ဝဲများယူရန်

ဒီတစ်ခါတော့ ဆိုက်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်တော်သိထားတာ လွန်ခဲ့တဲ့ တစ်နှစ်ကျော် လောက်ကပဲ။ မတင်ဖြစ်တာ။ အခုမှ ဖိုင်တွေ လျှောက်ရှာရင်း တွေ့လို့ တင်ပေးလိုက်ပါတယ်။ ဒီဆိုက်ကို တော်တော်များများ သိပြီးသားဖြစ်ပါတယ်။ မသိသေးသောသူများ အတွက်ရည်ရွယ်ပြီး တော့ တင်လိုက်တာပါ။ အဲဒီမှာသုံနည်းက မိမိလိုတာလေးတွေကို အမှန်ခြစ်လိုက်ခြစ်လိုက်ပါ။ ပြီးရင် အောက်နား က Get Installer ဆိုတာကို နှိပ်လိုက်ပါ။ ဒါဆိုရင် ဒေါင်းလော့ချပြီးဖြစ်ပါတယ်။ 

အဘယ်ကြောင့် windows ခေါ်သနည်း

ကျွန်တော်တို့သိပြီးသား ၀င်းဒိုး(Window)ဆိုတာ ပြတင်းပေါက်ပါ။ အိုင်တီနယ်ပယ်မှာ Window ဆိုတာကွန်ပျုတာ ပေါ်မှာ မြင်နေရတဲ့ လေးထောင့်ပုံရှိတဲ့ နေရာအစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်.. သူ့ထဲမှာ ကွန်ပျုတာမှာရှိတဲ့ စနစ်တွေက ဖော်ပြ ပေးနေတဲ့ လုပ်ငန်းစဉ်တွေကို အသုံးပြုသူတွေ မြင်ရအောင် ဖော်ပြထားလေ့ ရှိပါတယ် ... သူ့အထဲကို ထည့်သွင်း လာမယ့် အချက်အလက် တွေကို လက်ခံနိုင်သလို အချက်အလက် တွေကိုလည်း ပြန်လည် ဖော်ပြ ပေးပါတယ်... လေးထောင့်ပုံရှိတဲ့ Window တွေကို ကိုင်တွယ် အသုံးပြုပြီး ကွန်ပျုတာ ကို မောင်းနှင် လည်ပတ် ပေးတဲ့ စနစ်တွေအားလုံးကို ခြုံပြီး "၀င်းဒိုးများဖြင့် အလုပ်လုပ်သော စနစ် (Windowing System)" ရယ်လို့ ခေါ်တာ ဖြစ်ပါတယ်...
ကွန်ပျုတာ အသုံး ပြုသူ တစ်ဦးအနေနဲ့ Window တွေကို ကိုင်တွယ် ထိန်းချုပ်နိုင်ဖို့ အတွက် ကြားက ဆက်သွယ် ပေးနေတဲ့ အဓိက အရာ ကတော့ မောက်စ် (Mouse) ဖြစ်ပါတယ် ...

MoreDetails:

နောက်တစ်ခုကတော့ Window လို့ပြောလိုက်တာနဲ့ မိုက္ကရိုဆော့ဖ်က ထုတ်တဲ့ Windows OS လို့ပဲ အသိများကြပါတယ် ... တကယ်တော့ ဒီလိုစိတ်ကူးကို စတင် အကောင်အထည် ဖော်ခဲ့သူတွေကတော့ စတန်းဖို့ သုတေသနသိပ္ပံ (SRI International) က Douglas Engelbart ဦးဆောင်တဲ့ ပညာရှင်အဖွဲ့ ဖြစ်ပါတယ်.. သူတို့ရဲ့ စနစ်မှာ တစ်ခုနဲ့ တစ်ခု ထပ်မနေတဲ့ အုတ်စီသလို စီထား (Tile) တဲ့ ၀င်းဒိုးတွေကို အသုံးပြု ခဲ့ပါတယ်.. အဲဒီစနစ်ကို ဆက်လက်ပြီး တိုးချဲ့ တီထွင်ခဲ့ သူတွေကတော့ PARC (Xerox ကော်ပိုရေးရှင်းရဲ့ Palo Alto သုတေသန ဌာန) မှ Alan Kay ဦးဆောင်တဲ့ အဖွဲ့ဖြစ်ပါတယ်.. ဒီအဖွဲ့ကတော့ တစ်ခုနဲ့ တစ်ခုထပ်နေတဲ့ ၀င်းဒိုးစနစ်ကို အသုံးပြုခဲ့ပြီး၊ ဒီလို ထပ်နေတဲ့စနစ်ဟာ နောက်ပိုင်းမှာ ပိုမို တွင်ကျယ်စွာ အသုံးများလာတဲ့ စနစ်လည်း ဖြစ်ပါတယ်..

Advanced & Reference:

*.Windows တွေကို ကွန်ပျုတာရဲ့ Desktop ပေါ်မှာမြင်တွေ့ရတဲ့ အခါ အပြင်မှာ မြင်တွေ့ နေကြရတဲ့ စာရွက်တွေ၊ စာအုပ် တွေလို အလျားနှစ်ဘက်ရှိတဲ့အရာ များအတိုင်း မြင်တွေ့ကြရတာ ဖြစ်ပါတယ်... ကျွန်တော်တို့ရဲ့ အလုပ်စားပွဲပေါ်က စာအုပ် တွေကို မြင်နေရ သလိုပဲ ဖြစ်ပါတယ်...
*.၀င်းဒိုးကို တိုက်ရိုက် အဓိပ္ပါယ် ပြန်လိုက်တဲ့ အခါ "ပြတင်းပေါက်" ပါ...
*.ကျွန်တော်တို့ရင်းနှီးနေပြီးသား ဒီပြတင်းပေါက် အကြောင်းကို အခုထက်ပိုပြီး ထဲထဲ ၀င်ဝင် လေ့လာ ကြည့်လိုက်မယ် ဆိုရင်-
၁) အများစုသည် လေးထောင့်ပုံ ရှိသည်။
၂) လိုအပ်သလို ဖွင့်/ပိတ် ပြုလုပ်နိုင်သည်။
၃) ဖွင့်ထားသော အချိန်တွင် တပ်ဆင်ထားသော နေရာ၏ အခြားတစ်ဖက်တွင် ရှိနေသော အဖြစ်အပျက်များ၊ လှုပ်ရှားမှုများ၊ မြင်ကွင်းများ၊ တနည်းအားဖြင့် သတင်း အချက် အလက်များကို ကျန်အခြား တစ်ဖက်ရှိ ကြည့်ရှုနေသူများ မြင်ရစေသည်။
၎) အလုံပိတ်ထားသော (ပြတင်းပေါက် မရှိသော) အခန်းထဲတွင် အထက် ဖော်ပြပါ အကျိုးကျေးဇူး မရရှိနိုင်။
*.ကွန်ပျုတာထဲက ၀င်းဒိုးတွေဟာလည်း အပြင်က ပြတင်းပေါက်တွေနဲ့ အထက်မှာ ဖော်ပြထားတဲ့ အချက်တွေအားလုံး အတူတူပါပဲ။
*.ဆောဖ့်ဝဲ ဖြစ်နေတဲ့ အတွက်ထပ်တိုးလာတဲ့ အချက်တွေ ကတော့-
၅) သက်ဆိုင်ရာ ဆော့ဖ်ဝဲများ၊ အင်တာနက်နေရာများကို ကိုယ်စားပြုထားသော ၀င်းဒိုးများ အလိုက် သတင်း အချက်အလက်များကို တစ်ခုချင်းစီတွင် သီးခြား ဖော်ပြ ပေးနိုင်ခြင်း
၆) အရွယ်အစား အကြီးအသေး စိတ်ကြိုက် ပြောင်းနိုင်ခြင်း (Size)
၇) နေရာ ရွှေ့ပြောင်းနိုင်ခြင်း (Move)
ဂ) ကွယ်ဖျောက်ထားနိုင်ခြင်း (Hidden)
၉) အကြီးဆုံးအရွယ်အစား ၊ အသးဆုံးအရွယ်အစား ၊ မူလအရွယ်အစား များသို့ စိတ်ကြိုက် ပြင်ဆင် ပြောင်းလဲ ထားရှိနိုင်ခြင်း။
၁၀) တစ်ခုနှင့်တစ်ခု ထပ်လျက် ရှိနေသည့် အခါတွင် အပေါ်ဘက် အကျဆုံး ၀င်းဒိုးတွင်သာ သတင်း အချက်အလက်များ အားလုံးကို တွေ့မြင်ရခြင်း
၁၁) သက်ဆိုင်ရာ ၀င်းဒိုးများဖြင့် အလုပ်လုပ်သောစနစ် (Windowing System) အလိုက် ထည့်သွင်း ထားသော အခြားအချက်များ
*.ကွန်ပျုတာတွေရဲ့ မောင်းနှင်စနစ် (OS) အမျိုးအစားတွေဟာ Mac OS X, Windows, Linux စသည်ဖြင့် အမျိုးမျိုး ခြားနားနေတာနဲ့ အမျှ သုံးထားတဲ့ ၀င်းဒိုးစနစ်တွေဟာ အမြင်ပိုင်းဆိုင်ရာမှာ အနည်းငယ်စီ ခြားနား ကွဲပြားသွားကြမှာ ဖြစ်ပေမယ့် အထက်မှာ ဖော်ပြထားခဲ့တဲ့ အခြေခံ အချက်အလက် များကတော့ အတူတူ ဖြစ်နေမှာပါပဲ
*.၀င်းဒိုးအုပ်စုထဲမှာ ပါရှိတဲ့ အခြားအရာတွေကတော့ ...
၁) Application windows - ဆော့ဖ်ဝဲများနှင့် သက်ဆိုင်သော အချက်အလက်များကို ဖော်ပြ ပေးသည်။
၂) Document windows - အလုပ်လုပ်နေ၊ အသုံးပြုနေသည့် စာရွက်စာတမ်း (Document) များနှင့် သက်ဆိုင်သော အချက်အလက်များကို ဖော်ပြသည်။
၃) Palette windows - ပွင့်လာသောအခါ အခြားသော ဆော့ဖ်ဝဲများ၏ အပေါ်တွင် နေရာအမြဲယူလေ့ရှိပြီး (Float) သက်ဆိုင်ရာ ဆော့ဖ်ဝဲ အတွက် အချက်အလက်များကို လက်ခံဖြည့်သွင်းပေးခြင်း၊ အထောက်အကူ ကိရိယာ (Tools) များ ဖြည့်ဆည်း ပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။
၎) Dialog boxes - အသုံးပြုနေသူအတွက် လိုအပ်သော အချက်အလက်များ ဖော်ပြပေးခြင်းနှင့် အချက် အလက်များ တောင်းခံခြင်းများ လုပ်ဆောင် ပေးသည်။
၅) Inspectors - အရာတစ်ခုခု အတွက် သီးခြား ဖန်တီးထားသော Properties ၀င်းဒိုးကဲ့သို့သော ၀င်းဒိုးများ။
၆) Dashboard windows - အထူးကိစ္စများ အတွက် သီးသန့် ဖန်တီးအသုံးပြုထားသော ၀င်းဒိုးများ။

References:
-define:mouse, OS in Google Search
-Wiki:SRI International, Douglas Engelbart, Alan Kay

Copy to/Move to ကို Right click menu မှာထည့်မယ်

ဒီတစ်ခါပြောပြချင်တာက ကျွန်တော်တို့ ဖိုင်တွေကို copy and paste လုပ်ကြပါတယ်။ အဲလိုလေးကိုမှ ဟိုဖိုင်ဖွင့် ဒီဖိုင်ဖွင့် ထပ်ဖွင့်ရပါတယ်။ အခု Copy to နဲ့ Move to လေးထည့်လိုက်ရင် copy ကူးမယ့်နေရာကို တခါတည်းရှာလို့ရပါတယ်။ နှစ်သက်တယ်ဆိုရင်လုပ်ကြည့်ပေါ့ဗျာ။ မသိသေးသေသူများအတွက်ပါ။  လုပ်နည်းက
 
ဆင့်(၁)Run box မှာ regedit လို့ရိုက်ပါ။ အောက်ကလိုလေး အဆင့်ဆင့်သွားပါ ။
HKEY_CLASSES_ROOT\AllFilesystemObjects\shellex\ContextMenuHandlers 
အော်မေ့လို့ HKEY_CLASSES ပြီးရင် AllFilesystemObjects ကို ဟိုးအောက်ဆုံးထဲတော်တော်ရှာရပါတယ်။
အဆင့်(၂) ContextMenuHandlers  အဲဒီရောက်ပြီဆိုရင် အဲဒီပေါ်ကို right click ထောက်ပါ။ New >> Key ကိုသွားပါ။ 


အဆင့်(၂) အဲဒီမှာ Folder လေးတစ်ခုပေါ်လာပါ့မယ်။ Copy to လို့ rename ပေးပါ။ 

အဆင့်(၃) အဲလိုလေးပြီးရင် ဘယ်ဘက်ခြမ်းက Default ဆိုတာလေးကို double click နှိပ်ပါ။ ပေါ်လာတဲ့ box မှာ အခု ပေးထားတဲ့ စာသားလေးကို copy ကူးထည့်ပါ။
{C2FBB630-2971-11D1-A18C-00C04FD75D13}
 အဆင့်(၄) အဲဒါပြီးရင် နောက်ထပ်  ContextMenuHandlersပ်ါကို right click ထောက်ပါ။ New >> Key ကိုသွားပါ။ Folder ကို Move to လို့ rename ပေးပါ။ 
အဆင့်(၅) ဘယ်ဘက်ခြမ်းက Default ဆိုတာလေးကို double click နှိပ်ပါ။ ပေါ်လာတဲ့ box မှာ အခု ပေးထားတဲ့ စာသားလေးကို copy ကူးထည့်ပါ။  
{C2FBB631-2971-11D1-A18C-00C04FD75D13}

အဲဒါဆိုရင်ပြီးပါပြီ။ အောက်ပုံလေးမျိုးလို ပေါ်လာပါ့မယ်။ မိမိစိတ်ကြိုက် ရွှေ့ချင်တဲ့နေရာ ကိုရွှေ့လို့ရပါပြီ။ 




ဖြတ်ချင်တယ်ဆိုရင် အပေါ်ကအတိုင်းအဆင့်အဆင့်သွားပြီး copy to နဲ့ move to  Folder ကို Delete ပေးလိုက်ပါ။
အားလုံးကိုလေးစားလျက်......

ကွန်ပျူတာမှာ မိုက်ခဲမယ် (karaoke)

ဟိုနေ့ ကျွန်တော်ပြောသလိုပေါ့။ ကွန်ပျူတာ မှာ သီချင်းဟစ်ချင်သူများအတွက် နည်းလမ်းလေးပြောပြပါ့မယ်။ မသိသေးသောသူများအတွက်ပါ။  ကျွန်တော်ကတော့  စိတ်ပါတဲ့ အခါတိုင် ဟစ်ပစ်လိုက်တယ် အသံတောင်နာတယ်။ ကဲကဲ လုပ်နည်းလေးက ဘာမှမခက်ဘူး ။ တစ်ခုတော့ ရှိတယ် ။ Realtek ကိုတော့ install လုပ်ထားဖို့လိုတယ်နော်။ ကဲစလိုက်ရအောင်။ 
အဆင့်(၁) အရင်ဆုံး ကွန်ပျူတာရဲ့ ဘယ်ဘက်ထောင့်နားက speaker ပုံလေးကို right click ထောက် Recording devices  ကို ကလစ်ပေးလိုက်ပါ။
အဆင့်(၂) ပေါ်လာတဲ့ Box မှာ Microphone ပေါ်ကို right click ထောက်ပြီး properties ကိုရွေးပါ။
အဆင့်(၃) ပေါ်လာတဲ့ Box တစ်ခုမှာ Listen to this device ဆိုတာမှာ အမှန်ခြစ်ထည့်ပါ။ Playback through this device မှာ ကိုယ့်အသံပြန်ကြားချင်တဲ့ device ကိုရွေးပါ။ ဘာလို့လည်းဆိုတော့ ကျွန်တော်ဆိုရင် sound card သုံးတဲ့အတွက် Speaker PCI ကိုနမူနာ ရွေးပြထားပါတယ်။ ပြီးရင် Apply and ok ပေးလိုက်ပါ။ ဒါဆိုရင် သီချင်းဆိုလို့အဆင်ပြေပါပြီ။
နားမထောင်ချင်တော့ရင် အပေါ်ကအတိုင်းအဆင့်ဆင့်ဝင်ပြီးတော့ အမှန်ခြစ်ဖြုတ်ပေးလိုက်ပါ။
အားလုံးကိုလေးစားလျက်.....