This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, April 20, 2014

မန်းဝန်ကြီးချုပ်နေအိမ် မီးလောင်မှု နှုတ်ဆိတ်နေသော်လည်း ဈေးချိုဟိုတယ်မီးလောင်မှု နာရီပိုင်း အတွင်း သတင်းထုတ်ပြန်

ဧပြီလ ၁၉ရက် ည ၈နာရီခွဲခန့်က မီးလောင်ကျွမ်းခဲ့သည့် မန္တလေးတိုင်း လွှတ်တော်ဝင်းအတွင်းရှိ မန္တလေးတိုင်း ဝန်ကြီးချုပ်၏ နေအိမ်ကို လာရောက် ငြိမ်းသတ်ပေးသည့် မီးသတ်ကားများကို လွှတ်တော်ဝင်းရှေ့၌ တွေ့ရစဉ်။ (ဓာတ်ပုံ- အောင်ကိုဦး)

Written By အောင်ကိုဦး

မန္တလေးမြို့ ၂၄ လမ်းပေါ်၊ ၆၅ လမ်းထောင့်ရှိ တိုင်းဒေသကြီး လွှတ်တော်ဝင်း အတွင်းရှိ ဝန်ကြီးချုပ် ဦးရဲမြင့်နေအိမ် ဧပြီလ ၁၉ ရက်၊ ည ၈ နာရီ ၃၀ ခန့် မီးလောင်ကျွမ်းမှုအပေါ် မည်သည့်ဌာန ဆိုင်ရာကမျှ သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း ဧပြီ ၂၀ရက် နံနက်က ဈေးချို ဟိုတယ် မီးလောင်မှုကိုမူ တိုင်းမီးသတ်ဦးစီးဌာနက နာရီပိုင်းအတွင်း သတင်းထုတ်ပြန်ခဲ့သည်။



ဝန်ကြီးချုပ်အိမ် မီလောင်းကျွမ်းမှုနှင့် ပတ်သက်၍ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနသို့ မဇ္ဈိမက သွားရောက်မေးမြန်းရာတွင် အဆိုပါဖြစ်စဉ်ကို ၎င်းတို့ဌာနက ကိုင်တွယ်ခြင်းမရှိဘဲ မန္တလေးတိုင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကသာ တာဝန်ယူထားသည်ဟု ဧပြီ ၂၀ ရက်၊ နံနက် ၉ နာရီ အချိန် တာဝန်ကျ တာဝန်မှူးက ပြန်လည် ဖြေကြားသည်။

ထို့ကြောင့် တိုင်းအထွေထွေအုပ်ချုပ်ရေး ဦးဌာနသို့ မေးမြန်းရာတွင်လည်း ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ၎င်းတို့ဌာနက မသိရှိ၍ ဖြေဆိုရန် မဖြစ်နိုင်ဟု ငြင်းဆိုခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုသာ တိုက်ရိုက်သွားရောက် မေးမြန်းပါဟု ဧပြီလ ၂၀ရက်က တာဝန်မှူးအဖြစ် ထမ်းဆောင်နေသူ အမျိုးသမီးက ပြန်လည်ဖြေကြားသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဆက်သွယ်မေးမြန်းရာတွင်လည်း ဝန်ကြီးများ အစည်းအဝေး လုပ်နေသောကြောင့် သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးဟုသာ အစိုးရဖွဲ့ ဝန်ထမ်းတစ်ဦးက ပြောသည်။

ဝန်ကြီးချုပ်နေအိမ် မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့် ဆုံးရှုံးမှုများကို ဧပြီ ၂၀ ရက် ညနေပိုင်းအထိ ထုတ်ပြန်ခြင်း မရှိသေးသကဲ့သို့ ဖြစ်ပွားနေချိန် လာရောက်သတင်းယူကြသည့် သတင်းထောက်များ ဓာတ်ပုံမှတ်တမ်းယူရာ၌ပင် ဟန့်တားမှုများ ကြုံတွေ့ခဲ့ရသည်။

"ဒါက မဖြစ်သင့်ဘူးပေါ့ဗျာ၊ မီးလောင်တာ လောင်တာပေါ့။ ဘယ်သူ့အိမ် မီးလောင်လောင် သတင်းယူရမှာပဲ၊ အခုဟာလုံးဝကိုတားတာ၊ ဒါကိုနားမလည်ဘူး၊ ပွင့်လင်းမြင်သာဆိုတာကို ဘယ်လိုလက်ခံရမှာလဲ၊ ဘယ်လိုယုံကြည်ရမှာလဲ၊ ကျွန်တော်တို့ကတော့ နားမလည်ဘူး"ဟု DVB သတင်းထောက် ဘကြီးအောင်က မဇ္ဈိမ ကိုပြောသည်။

ထိုသို့ ၀န်ကြီးချုပ်အိမ် မီးလောင်ကျွမ်းမှုအပေါ် နှစ်ရက်ခန့်ကြာသည်အထိ မည်သည့် ဌာနကမျှ သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း ဧပြီ ၂၀ရက် နံနက် ၃နာရီကျော်ခန့်တွင် မန္တလေး ဈေးချိုဟိုတယ် မီးလောင်မှုကိုမူ တိုင်းမီးသတ် ဌာနက နာရီပိုင်းအတွင်း သတင်း ထုတ်ပြန်ခဲ့သည်။

ဈေးချိုဟိုတယ် ဒုတိယထပ်ရှိ ငွေစာရင်းဌာန Computer UPS အပူလွန်ကဲရာမှတစ်ဆင့် မီးလောင် ကျွမ်းခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုး ကျပ် ၄၂သိန်းခန့် ရှိသည်ဟု ဆိုသည်။

မီးလောင်ကျွမ်းမှုကြောင့် ကွန်ပျူတာ ၅ လုံး၊ လက်နှိပ်စက် တစ်လုံး၊ ကွန်ပျူတာစားပွဲ ၉ လုံး၊ အသားဗီဒို ၂လုံး၊ အလူမီနီယံစားပွဲ ၁၁ လုံး၊ နံရံကပ်ဗီဒို ၂ လုံး၊ အဲယားကွန်း ၂ လုံး၊ CCTV ၁လုံး၊ ဝိုင်ဖိုင် အင်တာနက်ဆာဖာ ၁ လုံး၊ ၂၀x၃၅ ပေ အခန်းတစ်ခန်း ပျက်ဆီးခဲ့ပြီး လူ ၆ ဦး ဒဏ်ရာရခဲ့သည်ဟု မန္တလေးတိုင်း မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ဈေးချိုဟိုတယ် ဒုတိယအထွေထွေမန်နေဂျာ (DGM) ဦးကျော်သူရိန်ကို ပ-၃၃၇/၂၀၁၄/ ပုဒ်မ၂၅၈ဖြင့် အမှတ် ၈ ရဲစခန်း အရေးယူထားသည်ဟုလည်း သတင်းထုတ်ပြန်မှုတွင် ပါဝင်သည်။ ထိုသို့ ဈေးချိုဟိုတယ် မီးလောင်မှုကို နာရီပိုင်းအတွင်း ဆုံးရှုံးမှုတန်ဖိုးများ တွက်ချက် ထုတ်ပြန်သော်လည်း ၀န်ကြီးချုပ် နေအိမ်မီးလောင်မှုကိုမူ ယနေ့တိုင် တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေး၍ မန္တလေးမြို့ခံများက ဝေဖန်မှုများ ရှိလာသည်။

ဝန်ကြီးချုပ်အိမ် မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများက မှန်ကန်သည့် သတင်းထုတ်ပြန်မှုမျိုး လုပ်ဆောင်မှသာလျှင် တရားဥပဒေစိုးမိုးမှုနှင့် တိုင်းအစိုးရအပေါ် ပြည်သူတို့ ယုံကြည်မှု ပိုမိုလာနိုင်မည်ဟု မြို့ခံအချို့က ပြောသည်။

မဇ္ဈိမ

Hack ခံလိုက်ရသည့် သင့်၏ Facebook Account ကို ဘယ်လိုပြန်ယူမလဲ



အားလုံး သိကြတဲ့အတိုင်း Facebook ဆိုတဲ့ လူမှုရေးကွန်ယက်ကြီးကို ၁ ဘီလီယံကျော်သော လူအများက စွဲလန်းခုံမင်စွာ သုံးစွဲနေကြပါတယ်။ အသုံးလိုလို့ သုံးစွဲတာထက် စွဲလန်းမှုဖြင့် သုံးစွဲတာက ပိုများလာနေပါတယ်။ ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ၊ လက်တော့ပ် စတဲ့ အီလက်ထရောနစ် ပစ္စည်းတွေအားလုံးနဲ့ နေရာတကာမှာ မျက်စိနောက်လောက်အောင် Facebook မှ Facebook ပါပဲ။
ကဲဒီလောက်တောင် စွဲလန်းနေရတဲ့ သင့်ရဲ့ Facebook ဟာ ဘယ်လောက်တောင်မှ လုံခြုံပါသလဲ။ သင့်အနေနဲ့ ကံအကြောင်းမလှလို့ hack ခံလိုက်ရပြီဆိုရင် ဘယ်လိုများ လုပ်ကြမလဲ။ ရုပ်ပိုင်းဆိုင်ရာ မထိခိုက်ပေမယ့် စိတ်ပိုင်းဆိုင်ရာတော့ အတော်လေး ထိခိုက်ရမှာ သေချာပါတယ်။ အထူးသဖြင့် Facebook ဆိုတဲ့ “ဆေး” စွဲနေသူများက ပိုခံရပါလိမ့်မယ်။
Facebook ကို hack အလုပ်ခံရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် အဓိက အကြောင်းရင်းကတော့ ပေါ့ဆမှုကြောင့်ပဲ ဖြစ်ပါတယ်။
ဘယ်နည်းနဲ့ဖြစ်ဖြစ် အကယ်၍သာ သင့်ရဲ့ Facebook ကို hack လုပ်ခံလိုက်ရပြီ ဆိုရင်တော့ အောက်ပါနည်းလမ်းများကို အသုံးပြုပြီး ပြန်လည်ရယူဖို့ ကြိုးစားဆောင်ရွက် ကြည့်နိုင်ပါတယ်။
နည်းလမ်း ၁ (မိမိ account နှင့် သက်ဆိုင်သည့် အချက်အလက်များအား မှတ်မိလျှင်)

အဆင့် ၁ – www.facebook.com/hacked သို့သွားပါ။
အဆင့် ၂ – “My Account is Compromised” ကို နှိပ်ပါ။
အဆင့် ၃ – မိမိ account နှင့် သက်ဆိုင်သည့် အီးမေးလ် (သို့) ဖုန်းနံပါတ် (သို့) Facebook သုံး မိမိအမည် (သို့) မိမိ၏ အမည်အပြည့်အစုံကို ထည့်သွင်းပြီး Search လုပ်ပါ။
အဆင့် ၄ – ရှာတွေ့သည်ဆိုလျှင် မိမိ၏ ရှိရင်းစွဲ password ကို ထည့်သွင်းပါ။
အဆင့် ၅ – မှန်ကန်သည်ဆိုလျှင် Facebook မှ သင်၏ account အား လုံခြုံရေးဆောင်ရွက်ရန် ပြောကြားပါလိမ့်မယ်။ Continue နှိပ်ပါ။
အဆင့် ၆ – Password အသစ်ကို ၂ ခါပြန် ရိုက်ထည့်ပါ။
သင်၏ hack လုပ်ခံထားရသည့် account ထဲ ပြန်ဝင်လို့ ရပါပြီ။
မှတ်ချက် – ဖုန်းတွင် SMS ရယူခြင်းဖြင့် လုံခြုံရေး ၂ ထပ် ပြုလုပ်ထားပါက မိမိ၏ account ပါ ဖုန်းအား လက်ဝယ်ရှိနေရန် လိုအပ်ပါမည်။
နည်းလမ်း ၂ (မိမိ account နှင့် သက်ဆိုင်သည့် အချက်အလက်များအား မမှတ်မိလျှင်)

အဆင့် ၁ – www.facebook.com/hacked သို့သွားပါ။
အဆင့် ၂ – “My Account is Compromised” ကို နှိပ်ပါ။
အဆင့် ၃ – စာမျက်နှာ ဘယ်ဘက်အောက်ထောင့်ရှိ “I can’t identify my account” ကို နှိပ်ပါ။
အဆင့် ၄ – Facebook မှ မေးမြန်းသည့် သင်နှင့် သက်ဆိုင်သည့် မေးခွန်းများကို ဖြေပါ။
အဆင့် ၅ – Submit လုပ်ပါ။
မကြာမီတွင် Facebook က သင့်ကို ဆက်သွယ်လာမည်ဖြစ်ပြီး သင်၏ account ကို ပြန်လည်ရယူနိုင်ရန် ကူညီပါလိမ့်မည်။
ဤကဲ့သို့ ရှုပ်ထွေးပြီး စိတ်ညစ်ဖွယ်ရာ ဖြစ်ရပ်များ မကြုံတွေ့လိုလျှင် မိမိ၏ account လုံခြုံရေးအတွက် မပေါ့ဘဲ သတိထား သင့်ပါသည်။
မိမိ account လုံခြုံရေးအတွက် ဆောင်ရွက်နိုင်သည့် အချက်များ -
- အလွယ်တကူ မသိရှိနိုင်မည့် password များထားပါ။
- အလျဉ်းသင့်သလို ပြောင်းလဲပါ။
- လုံခြုံရေး မေးခွန်းများ ထားရှိပါ။
- ဖုန်း SMS သုံး လုံခြုံရေး ၂ ထပ် ထားရှိပါ။
- မလုံခြုံသည့် ကြုံကြိုက်ရာ WiFi သုံးခြင်း ရှောင်ကြဉ်ပါ။
- မိမိ Facebook နှင့် Email ကို အချိန်ပြည့် ဖွင့်ထားခြင်း ရှောင်ကြဉ်ပါ။
- Facebook တွင် မိမိ၏ ကိုယ်ရေးကိုယ်တာ အချက်များ ဖော်ပြထားခြင်း ရှောင်ကြဉ်ပါ။

အဓိကပြောချင်တာကရဲတပ်ဖွဲ့နဲ့ မိဘပြည်သူတွေကိုအခုချိန်ထိရန်တိုက်ပေးခံနေရတုန်းဆိုတာပါပဲ


ဒီပုံကိုမြင်ရတွေ့ရတော့ ကျွန်တော် ဝမ်းနည်းတယ် ဒီနိုင်ငံနဲ့ ဒီလူမျိုးကို ကျွန်တော်တို့ချစ်တယ် ကျွန်တော်တို့ရဲဆိုတာကလဲ ဒီနိုင်ငံမှာမွေး ဒီနိုင်ငံမှာကြီးပြင်းလာတဲ့ ဒီလူမျိုးတွေမို့လို့ပါပဲ ဘာကြောင့် ရဲမဟုတ်တဲ့ ဒီနိုင်ငံကပြည်သူတွေက ရွံ့ရှာမုန်းတီးနေကြတာလဲ ဒီမေးခွန်းကို ကျွန်တော်မမေးရဲဘူး ပြန်ပြောလာမဲ့ ပြန်ဖြေလာမဲ့ အဖြေတွေထဲမှာ ကျွန်တော်တို့သိက္ခာတွေ ကျွန်တော်တို့ရဲ့အရှက်အကြောက်တရားတွေကို ချေဖျက်ပြစ်နိုင်တဲ့စကားလုံးတွေပါလာမယ်ဆိုတာကြိုသိနေလို့ပါပဲ အစွန်းနှစ်ဖက်ကြားမှာရပ်တည်နေရတဲ့လူတန်းစားကိုမီးစာတစ်ဖက်ရေမှုတ်တစ်ဖက်နည်းဗျူဟာနဲ့ထိန်းကျောင်းခံနေရသမျှ ပြည်သူကိုအပြည့်အဝမစောင့်ရှောက်နိုင်သလို ပြည်သူတွေရဲ့ရွံ့ရှာမုန်းတီးခြင်းကိုခံနေရမှာပါပဲ ။

၂၀၀၂ / ၂၀၀၃ လောက်က ရဲချုပ်စိုးဝင်းလက်ထက်လောက်ကပေါ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲဖို့အတွက်ဆိုပြီး အသွင်သဏ္ဍန်နဲ့အနှစ်သာရပြောင်းလဲရေးစီမံချက်ကြီးကိုဘယ်လိုပညာရှိတွေနဲ့ပူးပေါင်းရေးဆွဲလိုက်သလဲမသိဘူး ရေးတော့ရေးလိုက်တာပါပဲ အဲဒိစီမံချက်ကြီးရေးပြီးသွားတော့ အောက်ခြေကိုချပြတယ် ပြီးတော့ ဘယ်လူကြီးလာလာအဲဒိဘာမှန်းညာမှန်းမသိတဲ့ စီမံချက်ကြီးကို အလွတ်ဆိုပြရတယ် (ကျွန်တော်ကကင်းစစ်ရေးပြအဖွဲ့မှာပါလို့ပါ) ဒီလိုနဲ့ပဲ ယူနီဖောင်းတွေအရောင်ပြောင်းလဲလိုက်တယ် ဝန်ကြီးကရဲချုပ်ကိုခိုင်းတယ် ရဲချုပ်ကတိုင်းမှူးကိုပြန်ခိုင်း တိုင်းမှူးကခရိုင်မှူးပေါ့ အဲလိုအဆင့်ဆင့် ပါးစပ်နဲ့အသွင်သဏ္ဍန်ကြီးပြောင်းလဲပြစ်လိုက်တာ နောက်ဆုံးကျွန်တော်တို့အောက်ခြေကိုရောက်လာတဲ့အခါမှာ သူတို့ပြောင်းခိုင်းသလိုပြောင်းဖို့ ငွေလိုလာတယ် ..အဲံဒိလိုငွေအတွက် ချဲဒိုင်တွေ အရက်ပုန်းဆိုင်တွေ ဖဲဝိုင်းဒိုင်တွေ အမှုသည်တွေအပေါ် လုံးလုံးတာဝန်ရှိသွားခဲ့ရတယ် သူတို့ကလဲငါ့သားလေးငါ့ညီလေးငါ့အကိုကြီး ဆိုပြီးချစ်လို့ခင်လို့ပေးတာမဟုတ်ဖူး သူတို့လုပ်ငန်းမှာအနှောင့်အယှက်ဖြစ်မှာစိုးလို့သောက်မြင်ကပ်ကပ်နဲ့ပေးရရှာတာလေ ...

ဒီတော့ ကျွန်တော်ပြောချင်တာက ကျွန်တော်တို့သိက္ခာတွေ အရှက်တရားတွေ ကိုအထက်လူကြီးတွေရဲ့လိုအင်ဆန္ဒအရ ရောင်းစားလိုက်ရတယ် ကျွန်တော်တို့တပ်ဖွဲ့ကြီးကို တကယ်ပဲအသွင်သဏ္ဍန်နဲ့အနှစ်သာရတိုးတက်စေချင်လား လွယ်လွယ်လေး ရော့ဒီမှာ လစာရိက္ခာ ဒီမှာနေဖို့ ဒီမှာဝတ်ဖို့ ဒီမှာလုပ်ငန်းအသုံးစရိတ် လုံလောက်လား တရားဥပဒေစိုးမိုးရေးလုပ်ငန်း ရပ်ရွာအေးချမ်းသာယာရေးလုပ်ငန်း တွေဆောင်ရွက်ဖို့ဘာလိုအပ်သလဲ ပြန်တင်ပြ ။ ငါ့တို့ဖက်ကဖြည့်ဆည်းပေးမယ် အဲဒိလုပ်ငန်းတွေအောင်မြင်အောင် ဆောင်ရွက်ပေးဖို့က မင်းတို့တာဝန်ပဲ တာဝန်မကျေရင်တော့ထိထိရောက်ရောက်အပြစ်ပေးအရေးယူမယ် ဒါပဲ ။ မလွယ်ဘူးလား မရှင်းဘူးလား ဟိုစီမံချက်ဒီစီမံချက်တွေလျှောက်ဆွဲမနေနဲ့ အလုပ်ရှုပ်တယ် စာရွက်ဖိုး ကွန်ပျုတာစာစီခ မိတ္တူဆွဲခ ကုန်တယ် ။ ဒီတော့ ရှင်းရှင်းပြောရရင် အမှန်တကယ်ပဲဒီတပ်ဖွဲ့ကြီးကို တိုးတက်စေချင်တာမှ ဟုတ်ရဲ့လား လုပ်ငန်းတစ်ခုခုခိုင်းလိုက်တိုင်းလိုအပ်လာမဲ့ လုပ်ငန်းအသုံးစရိတ်တွေကို ဒုစရိုက်သမားတွေဆီကရှာလိမ့်မယ် ...

ဒါဆိုရင်ဒီတပ်ဖွဲ့ကြီးပြည်သူကြားမှာတောင်ရမ်းစားသောက်နေရလိမ့်မယ် ဒီတော် တပ်ဖွဲ့ဂုဏ်သိက္ခာကျလိမ့်မယ် အများအမုန်းကိုခံရလိမ့်မယ် အများပြည်သူတွေရဲ့ရွံ့ရှာခြင်းကိုခံရလိမ့်မယ် ။ ဒါမှ ပြည်သူနဲ့ရဲတပ်ဖွဲ့ ပေါင်းစပ်လို့မှမရပဲ အငြိုးအတေးတွေဖြစ်လာမယ် ဒီတော့အဲဒိအင်အားနှစ်ရပ်မပူးပေါင်းသေးသရွေ့ငါတို့လုပ်ချင်ရာလုပ်လို့ရတယ် ဆိုတဲ့ နေမဝင်ဗျူဟာအတိုင်းများ ကျင့်သုံးနေခဲ့သလား ? ကျွန်တော်တို့ရဲတပ်ဖွဲ့ကတော်လှန်ခဲ့ဖူးတယ် သူပုန်ဗိုလ်ဖြစ်သွားတဲ့ ဗိုလ်မြက ရဲဒုတပ်ကြပ်တစ်ယောက်ဖြစ်ခဲ့ဖူးတယ် ဒီတော့ အဲလိုမဟုတ်မခံပြန်တော်လှန်တတ်တဲ့ ဒုတိယလက်နက်ကိုင်တပ်ဖွဲ့ကြီးကို ဂုတ်ချိုးနှိမ်ထားမှသာ ငါတို့နောင်ရေးစိတ်အေးရမယ် ဆိုတဲ့အတွေးစိတ်ကူးမျိုးဘယ်သူတွေးဖူးမလဲ? ဆိုတာကျွန်တော် စဉ်းစားမိတယ် ။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်ရဲ့အရေးပါတဲ့နေရာတိုင်းမှာဆဲလ်တွေသွင်းထားခဲ့တယ် ။ second way ဆိုတာမရှိဘူးလို့မပြောနိုင်ဘူးလေ ထားပါတော့ ဒါတွေဆက်ပြောရင်ကျွန်တော့်အတွေးတွေကကုန်ဆုံးသွားမယ်မထင်ဘူး ။ အဓိကပြောချင်တာက ကျွန်တော်တို့ရဲတပ်ဖွဲ့နဲ့ မိဘပြည်သူတွေအခုချိန်ထိရန်တိုက်ပေးခံနေရတုန်းဆိုတာပါပဲ ဘာကြောင့်လဲဆိုတော့ တိုင်းတပ်ဖွဲ့မှူးနဲ့အထက်အရာရှိကြီးများက အများပြည်သူနဲ့စကားပြောဆိုဆက်ဆံတဲ့နေရာ အရမ်းသိမ်မွေ့လွန်းတယ် အရမ်းသီးခံနေလွန်းတယ် အရမ်းချိုသာလွန်းတယ် ဒါပေမယ့်အဲဒိလူကြီးတွေရဲ့ အောက်ခြေကိုပေးတဲ့အမိန့်မှာ ပြင်းထန်းလွန်းနေတာဟာ ရှေ့တစ်မျိုးကွယ်ရာတစ်မျိုးဖြစ်နေသလို အောက်ခြေရဲတပ်ဖွဲ့ဝင်စစ်စစ်တွေနဲ့ ပြည်သူကိုအံချော်စေသလိုပါပဲ အောက်ခြေကပြဿနာတစ်ခုခုဖြစ်လာတော့ အကြိမ်ကြိမ်ညွှန်ကြားထားသော်လည်း လိုက်နာမှုမရှိ ဆိုပြီးအပြစ်ပေးအရေးယူပြလိုက်တယ် ဒါဟာ ထိုးကျွေးတာပဲ နေပြည်တော်ဖြစ်စဉ် မအူပင်ဖြစ်စဉ် တွေကိုပဲကြည့် ။ ဒီတော့ ကျွန်တော်အိမ်ကြက်ဘဝကအမြန်လွတ်မြောက်ချင်နေပါပြီ ကဲခင်ဗျားတို့ရော ။

အိုးမဲအသုတ်ခံနေဦးမှာလား မျက်စိဖွင့်ကြည့်ပေးပါ ။ နားတွေစွင့်ထားပေးပါ ။ ဒီလိုပြောလို့ ငါတို့က ထတော်လှန်ရမှာလား ဆိုပြီးတောင်တွေးမြောက်တွေးလျှောက်မတွေးနဲ့ဦး ကျွန်တော်ပြောချင်တဲ့သဘောက ရဲဆိုတာကလဲ ဒီနိုင်ငံက ဒီလူမျိုးထဲကပေါက်ဖွားလာတာပါ ။ အခြားတိုင်းပြည်ကလာအုပ်ချုပ်တဲ့ ကျူးကျော်သူတွေမဟုတ်ပါဘူး ။ ဒီတော့ ရဲတပ်ဖွဲ့ဝင်တွေပိုက်ဆံတောင်းနေတာများတွေ့ရမြင်ရရင် ဒီရဲဒုက္ခရောက်သွားအောင်တိုင်လိုက်တာထက် ဘာကြောင့်တောင်းနေရလဲဆိုတာကို အခြေခံကျကျနားလည်သိရှိအောင် လေ့လာပြီးပြုပြင်ဆုံးမပေးပါလို့ ကျွန်တော်ကတောင်းပန်ချင်ပါတယ် ။

ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲတပ်ဖွဲ့ကဟိုးနှစ်ပေါင်းများစွာကတည်းက ပြည်သူဆီကတောင်းလို့ရတဲ့ပိုက်ဆံနဲ့ပဲ ပြည်သူ့ကိုကာကွယ်စောင့်ရှောက်ပေးရတဲ့လုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်လာခဲ့ရပါတယ် ။ အခုလဲဒီအတိုင်းပါပဲတောင်းနေရတုန်းပါပဲ လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးဘာအဖွဲ့ညာအဖွဲ့ဆိုတာကြီးပေါ်လာလို့ မတောင်းရတော့ဘူးလို့တထစ်ချမယူဆပါနဲ့ဦး အခုချိန်ထိ လှည့်ကင်းလှည့်ဖို့ နိုင်ငံတော်ကဘာတစ်ခုမှထုတ်မပေးနိုင်သေးပါဘူး စက်ဘီးတွေဝယ်ဖို့တင်ဒါခေါ်တုန်းပဲရှိပါတယ် ။ ယူနီဖောင်း လက်ထိပ် စကားပြောစက် ချပ်ဝတ်တန်ဆာ ဘာတစ်ခုမှအလကားမရသေးပါဘူး ။ ဒီတော့ ကျွန်တော်တို့တောင်းနေရဦးမှာပါပဲ ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ကိုပေးတဲ့အမိန့်က ဟိုးအရင်ကအတိုင်းပါပဲ ။ မိုက်ကရိုဖုန်းရှေ့မှာပြောင်းလဲသွားတဲ့စကားတွေကြောင့် အရာအားလုံးပြောင်းလဲသွားပြီလို့ မထင်ပါနဲ့ အဲလိုထင်လိုက်ရင် ခင်ဗျားလူလိမ်ခံလိုက်ပြီလို့မှတ်လိုက်ပါ ။ စကားလုံးလှအောင်ပြောဖို့ကလွယ်ပါတယ် ။ အလုပ်တွေလှပဖို့အတွက် လိုအပ်ချက်တွေအများကြီးရှိပါတယ် ။
ကျေးဇူးတင်ပါတယ်
မင်္ဂလာရှိသောနှစ်သစ်မှာ လူအချင်းချင်းလှည့်ပတ်ခြင်းကင်းရှင်းကြပါစေ။(Real Felling)

Dawnmanhon

သင်္ကြန်ရေပက်ပြီး ကာအိနြေ္ဒပျက်အောင်နှင့် နာကျင်အောင်ပြုလုပ်သူများကို အရေးယူပေးရန်တိုင်တန်း


ရန်ကုန်၊ ဧပြီ ၁၅

၁၅.၄.၂၀၁၄ ရက်နေ့ ၁၀၀၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊ ဒိုင်စု
ကျေးရွာနေ မ----မှ ၎င်းသည် အပြင်မှစက်ဘီးဖြင့် နေအိမ်သို့ပြန်လာစဉ် တစ်ရွာတည်းနေ ဦးဇော်ကြီး၏နေအိမ်ရှေ့ ရေကစားမဏ္ဍပ်သို့အရောက် အမျိုးသားတစ်ဦးမှ ရေပက်သဖြင့်စက်ဘီးအားအရှိန်လျှော့ပြီးရပ်ခဲ့ရကြောင်း၊ ထိုသို့ ရပ်နေစဉ် ရေပက်သည့်အမျိုးသားမှ မိန်းမအင်္ဂါအားလက်ဖြင့်ကိုင်ရန်
ပြုသဖြင့် ၎င်းမှလက်ဖြင့် ဖယ်ရှားခဲ့ရကြောင်း၊ နေအိမ်သို့ရောက်ရှိပြီး မိခင်ဖြစ်သူအားပြောပြကာကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမောင်မောင်လတ်
ထံသို့ သွားရောက်တိုင်ကြားခဲ့ပြီး လိုက်လံပြသခဲ့ရာ ထိုသို့ပြုမူခဲ့သူမှာ ဦးဇော်ကြီး၏ ဆွေမျိုးတော်စပ်သူ အောင်ဝင်းခိုင်၊ (၂၂)နှစ်၊(ဘ)ဦးအောင်မြင့်၊ ဒိုင်စုကျေးရွာ၊လှိုင်သာယာမြို့နယ်နေသူဖြစ်သည်ကိုသိရှိခဲ့ရကြောင်း၊ထိုစဉ်
အောင်ဝင်းခိုင်မှ ၎င်းအားဆံပင်ဆွဲကာ လက်သီးဖြင့်ထိုးခဲ့ပြီး ဦးဇော်ကြီး၏
ဇနီး မဌေးဝင်း၊ (၄၁)နှစ်၊ (ဘ)ဦးသန်းကြွယ်နှင့် သမီးများဖြစ်သည့်မစုစုလှိုင်၊ (၁၈)နှစ်၊(ဘ)ဦးဇော်လွင်၊ မအိအိငယ်၊ (၁၆)နှစ်၊ (ဘ)ဦးဇော်လွင်တို့မှလည်း လက်များဖြင့် ၀ိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် ၎င်း၏ခန္ဓာကိုယ်တွင် နာကျင်ဒဏ်ရာ
များရရှိခဲ့ပြီး ၀တ်ဆင်ထားသည့် အင်္ကျီ ရင်ဘတ်စုတ်ပြဲကာအတွင်းခံ
အင်္ကျီကြိုးမှာလည်းပြုတ်သွားခဲ့ကြောင်း၊ ရရှိခဲ့သောဒဏ်ရာများအား လှိုင်သာယာဆေးရုံတွင် ပြင်ပလူနာအဖြစ်ကုသခဲ့ရကြောင်းနှင့် ယင်းသို့ ကာအိနြေ္ဒပျက်အောင်နှင့် နာကျင်အောင်ကျူးလွန်ကြသူများကို အရေးယူပေးပါရန်တိုင်တန်းလာခဲ့ပါသည်။

တိုင်တန်းချက်အရ အောင်ဝင်းခိုင်ပါ(၄)ဦးကို လှိုင်သာယာမြို့မရဲစခန်း
(ပ)၅၂၀/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၅၄/၃၂၃/၁၁၄ ဖြင့် အမှုဖွင့်အရေးယူကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Yangon Police

ကချင်ဒေသ တိုက်ပွဲအတွင်း အစိုးရစစ်တပ် အရာရှိတဦးအပါအ၀င် ၈ ဦး သေဆုံး


၂၀၁၄ ခုနှစ် ဧပြီလအတွင်း အစိုးရစစ်တပ်နဲ့ ကေအိုင်အေတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲသတင်းကို ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီလ ၁၉ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန် လိုက်ပါတယ်။

တိုက်ပွဲတွေအတွင်း အစိုးရတပ်ဘက်က အရာရှိတဦးအပါအ၀င် စုစုပေါင်း ၈ ဦး သေဆုံးခဲ့ပြီး ကေအိုင်အေဘက် ၁၄ ဦး သေဆုံးခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဧပြီလ ၄ ရက်ကနေ ၁၃ ရက်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဒေသတွေကတော့ မန်းဝိန်းကြီး၊ ပန်းခမ်းနယ်မြေ၊ မိုးမောက်မြို့နယ်၊ ကျောက်စခန်းအနီးတ၀ိုက်၊ မိုင်းဆတ်ကောင်း၊ ဒဂေါ်မကာ ဘွမ်တို့ ဖြစ်ပါတယ်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲသတင်းမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ စစ်ပြေးဒုကသည်တွေအကြောင်း ဖော်ပြထားခြင်း မရှိပါဘူး။

ဒီသတင်းနဲ့ ပတ်သက်ပြီး ကေအိုင်အေဘက်ကို ဆက်သွယ်ခဲ့ပေမယ့် လက်ခံ ပြောဆိုမယ့်သူ မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကချင်နဲ့ ရှမ်းကျေးရွားတွေမှာ နေအိမ်ကို စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်တွေ ထောင်နဲ့ချီရှိပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ လူမှုအကူအညီ ပေးရေးအဖွဲ့တွေက ပြောပါတယ်။

DVB Burmese

၈၈မျိုးဆက်ဟာ ဂျော့ဆိုးရော့စ်ရဲ့ Open Society ကနေပြီးတော့ ဘာမှငွေကြေးပတ်သက်မှုမရှိဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ဘာမှပတ်သက်ခြင်းမရှိဘူး ဦးကိုကိုကြီးနှင့်တွေ့ဆုံခြင်း




Author: ရန်မျိုးနိုင်/အိဖြူလွင်

ဓာတ်ပုံ−ကျော်ဇင်သန်း
နိုင်ငံရေးလောကတွင်ယခု လပိုင်းအတွင်း ဦးကိုကိုကြီးနှင့် ပတ်သက်သော ကောလာဟလမျိုးစုံထွက်ပေါ်နေသည်။ အထူးသဖြင့် အင်တာနက်လူမှုကွန်ရက်စာမျက်နှာများတွင်ဖြစ်သည်။ ဦးကိုကိုကြီးအား ဒုတိယသမ္မတအဖြစ် အစိုးရက ကမ်းလှမ်းထားသည်။ ဦးကိုကိုကြီး၏ မင်္ဂလာပွဲကုန်ကျစရိတ်များကို ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရန်ပုံငွေမှ လှည့်ယူသုံးစွဲခဲ့သည်။ အမေရိကန်သန်းကြွယ်သူဌေး ဂျော့ဆိုးရော့စ်က ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းအား ငွေကြေးထောက်ပံ့ထားပြီး ငွေရေးကြေးရေးပတ်သက်မှုများရှိနေ သည် စသည်တို့ဖြစ်သည်။ ထို့ကြောင့် 7Day Daily က ဦးကိုကိုကြီးနှင့် ၎င်း၏နေအိမ်တွင် ဧပြီ ၁၉ရက်ကတွေ့ဆုံမေးမြန်းထားသည်များမှ စာဖတ်ပရိသတ်အတွက်ကောက်နုတ်ဖော်ပြလိုက်ပါသည်။

အခုအပြင်မှာ ပျံ့နှံ့နေတဲ့သတင်း တစ်ခုနဲ့ စချင်ပါတယ်။ အဲဒါက တော့ လက်ရှိအစိုးရအဖွဲ့က ဦးကို ကိုကြီးကို ဒုတိယသမ္မတအဖြစ် ကမ်းလှမ်းထားတယ်ဆိုတာပါပဲ။ ဦးကိုကိုကြီးဘယ်လိုဆုံးဖြတ်ထား ပါသလဲ

ကျွန်တော့်အမြင်အရပြောရ ရင် နေရာကအဓိကမဟုတ်ဘူး။ ဘယ်လောက်အလုပ်အကျွေးပြု နိုင်မလဲ။ ကိုယ့်ဖြတ်သန်းမှုကိုယ့် အတွေ့အကြုံတွေနဲ့ ကိုယ့်မဲဆန္ဒ ရှင်တွေကို ဘယ်လောက်အလုပ် အကျွေးပြုနိုင်မလဲဆိုတာက အဓိ ကပါပဲ။ ဘယ်နေရာမှာပဲနေနေ နေရာက အဓိကမဟုတ်ပါဘူး။ ကျွန်တော်တို့ ကိုယ်တိုင်လည်းအ ခုနေပြောရင် ကျွန်တော်ရှက် တောင်ရှက်တယ်။ ကျွန်တော်တို့ စလုပ်ကတည်းက အဲဒီနေရာတွေ ရာထူးတွေကို ဘယ်တုန်းကမှ ထည့်ပြီးစဉ်းစားခဲ့တာမဟုတ်ဘူး။



ဒါဆို ဦးကိုကိုကြီးကို ဒုတိယသမ္မ တအဖြစ်ကမ်းလှမ်းထားတာမရှိ ဘူးလို့ ဆိုလိုတာလား။

မဟုတ်ပါဘူး။ မရှိပါဘူး။

ဦးကိုကိုကြီးအနေနဲ့ လွှတ်တော် နိုင်ငံရေးလမ်းကြောင်းကို    ရွေး ချယ်ထားတယ်လို့ပြောထားပါ တယ်။ ဒီကြားဖြတ်ရွေးကောက်ပွဲကို ၀င်ပြိုင်ဖြစ်မှာလား။

သေချာတာကတော့ ကျွန် တော်လွှတ်တော်နိုင်ငံရေးလုပ်ရင် ရွေးကောက်ပွဲဝင်ရမှာပဲ။ ရွေး ကောက်ပွဲဝင်မှာက ဘယ်တိုင်ပင် ၀င်မလဲပေါ့။ ဥပမာ ဒီကြားဖြတ် ရွေးကောက်ပွဲဆိုရင် ဖြစ်နိုင်တာ က ၂၀၁၄နှစ်ကုန်ပိုင်းလောက်မှ ဖြစ်နိုင်တယ်။ တစ်နှစ်သက်တမ်း လောက်ပဲကျန်တယ်။ အဲဒီမှာ ၀င် ခြင်းအားဖြင့် ဘယ်လိုအကျိုး ဆက်ဖြစ်မလဲ။ သို့မဟုတ်ရင် ၂၀၁၅၀င်ရင် ဘာဖြစ်မလဲ။ ကျွန် တော်အဲဒါတွေ အားလုံးကို ချိန်ဆ နေတယ်။ တရားဝင်ထုတ်ပြန်ဖို့ လိုပါသေးတယ်။ အဲဒီအခါကျ တော့ ကျွန်တော်ပြောပါမယ်။

ပါတီတွေက ဦးကိုကိုကြီးကို သူ တို့ပါတီကိုယ်စားပြုပြီး ကမ်းလှမ်း တာမျိုးရှိလာပြီလား။ ဒါမှမဟုတ် သီးသန့်ပါတီထောင်ဖို့ စဉ်းစား ထားလား။

အဲဒါတော့ ကျွန်တော်မစဉ်း စားတာမဟုတ်ဘူး။ စဉ်းစားတယ်။ မဆုံးဖြတ်ရသေးဘူး။ နည်း လမ်းက သုံးခုပဲရှိပါတယ်။ ရှိနေ တဲ့ ပါတီတစ်ခုခုမှာ ၀င်လုပ်မလား (သို့မဟုတ်)ကိုယ့်ဘာသာသီးခြား ပါတီတစ်ခုလုပ်မလား။ ဒါမှမ ဟုတ်ရင် တစ်သီးပုဂ္ဂလနဲ့ ၀င်မ လားဆိုတာရွေးချယ်မှုက ဒါပဲရှိပါ တယ်။ အဲဒါလည်း ဆုံးဖြတ်တဲ့ အ ခါကျရင်ပြောပါ့မယ်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေး နိုင်ငံတွေကို ကူညီနေတဲ့ အမေရိ ကန်သန်းကြွယ်သူဌေးဂျော့ဆိုး ရော့စ် မြန်မာပြည်လာတုန်းက ဦး ကိုကိုကြီးတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ ပြီး ငွေကြေးထောက်ပံ့မှုတွေရှိပါ တယ်ဆိုတဲ့ သတင်းတစ်ခုထွက် နေပါတယ်။ အဲဒီအပေါ်မှာ ဘာ များပြောချင်ပါသလဲ။

အရင်ဆုံးပြောချင်တာက ဒီ ပွင့်လင်းဆိုတဲ့ကိစ္စက ကျွန်တော် နာမည်ပေးတာ။ ဘာဆိုးရော့စ် နဲ့မှ မပတ်သက်ဘူး။ နာမည်ပေး ဖြစ်တဲ့အခါမှာလည်း ကျွန်တော် သွားပြီးသတိထားမိတယ်။ Open Society နဲ့ သွားပြီးတူမှာစိုးလို့။ အင်္ဂလိပ်လို စဉ်းစားတဲ့အခါမှာ Open Community ဆိုပြီးသွားပြီး စဉ်းစားမိသေးတယ်။ တူမှာစိုးလို့ ကွဲအောင်စဉ်းစားသေးတယ်။  Community ဆိုတဲ့ Senseထက် Society ဆိုတာကပိုပြီးကျယ်ပြန့် တယ်။ တခြားရွေးစရာမရှိတော့ဘဲ Open Society ပဲ ရွေးဖြစ်တာပါ ။ဆိုတော့ ဒါကြောင့်စပြောရရင် ဂျော့ဆိုးရော့စ်ရဲ့ Open Society  နဲ့ ကျွန်တော်နဲ့ ဘာမှမပတ်သက် ဘူး။ သူဌေးကြီးလာတယ်။ လာတဲ့ အခါမှာ ကျွန်တော်တို့ကတွေ့ချင် လို့ သွားခေါ်တာမဟုတ်ဘူး။ ကျွန် တော်တို့ရဲ့ လှုပ်ရှားမှုတွေကို ကြည့်ပြီးတော့ မြန်မာနိုင်ငံဒီမိုက ရေစီအပြောင်းအလဲမှာ ဒီအင် အားစုဟာ အရေးပါတဲ့အင်အားစု အဖြစ် သူကတွေ့ချင်လို့လာတာ။ တွေ့ချင်လို့  တွေ့တဲ့အခါမှာ လည်း ကျွန်တော်တို့ လုပ်နေတာ တွေမေးတယ်။ ကျွန်တော်တို့ ဖြတ်သန်းမှုတွေမေးတယ်။ လက် ရှိအခြေအနေအပေါ်မှာ ကျွန်တော်တို့ရဲ့ အမြင်သုံးသပ်ချက် တွေမေးတယ်။ အဲဒါပဲ။ ဆိုတော့ ၈၈မျိုးဆက်ဟာ ဂျော့ဆိုးရော့စ်ရဲ့ Open Society ကနေပြီးတော့ ဘာမှငွေကြေးပတ်သက်ခြင်းမရှိ ဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ဘာမှ ပတ်သက်ခြင်းမရှိဘူး။



နောက် ၈၈ကို လုပ်ငန်းရှင်တွေက လှူဒါန်းတဲ့အပေါ်မှာကော   ဘာ များ ပြောချင်ပါသလဲ။

ကျွန်တော်တို့ စေတနာဝ သန်တေးဂီတပွဲမှာသူတို့ လှူကြ တယ်။ လုပ်ငန်းရှင်တွေထဲကနေ ကျွန်တော်တို့ကို လှူကြတာတွေ အများကြီးရှိတယ်။ အဲဒီအတွက် လည်း ကျွန်တော်တို့ ဘာကတိက ၀တ်မှ မရှိဘူး။ ဒီလို လှူတဲ့အ တွက်ကြောင့်လည်း သူ့ကို ဘာ ပြန်လုပ်ပေးရမယ်။ ဘာတွေတော့ မလုပ်ပါနဲ့ဆိုတဲ့ နှောင်ကြိုးမျိုးဆို ရင် ကျွန်တော်တို့က ဘယ်သူ့ဆီ ကမှ လက်မခံဘူး။ ကျွန်တော်တို့ ကို လှူရင်လည်း ကျွန်တော်တို့ လုပ်နေတဲ့ ကျွန်တော်တို့ ဖြတ် သန်းမှုနဲ့ ကျွန်တော်တို့ဆောင် ရွက်မှုတွေကို ရိုးရိုးသားသားယုံ ကြည်လို့ လှူတဲ့ အလှူမျိုးပဲလက် ခံတယ်။ ကျန်တဲ့ နှောင်ကြိုးပါတဲ့ လှူတဲ့အတွက်ကြောင့် ဘာပြန် ပေးရမလဲဆိုတဲ့ ကတိက၀တ်မရှိ ခဲ့ဘူး။ လက်လည်း လက်ခံမှာမ ဟုတ်ဘူး။

ဦးကိုကိုကြီးတို့လို နိုင်ငံရေးသြဇာ ရှိတဲ့ သူတွေကို အခုလိုမျိုးပုဂ္ဂိုလ် ရေးတိုက်ခိုက်မှုများ ကြုံလာတဲ့ အခါမှာ စိတ်ကသိကအောက်ဖြစ် နိုင်ပါတယ်။  အဲဒီလို အခက်အခဲ တွေ စိန်ခေါ်မှုတွေကို ဘယ်လို ကျော်လွှားဖို့ စီစဉ်ထားပါသလဲ။

ကျွန်တော်ကလည်း ကျွန် တော့်အကျိုးပေးဗျ။ စလုပ်က တည်းက အစိုးရနဲ့ပေးစားတယ်။ ထောက်လှမ်းရေးနဲ့ပေးစားတယ်။ ကျွန်တော်က တော်တော်ကို တောက်လျှောက်အဲဒီလို တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒါတွေအားလုံးကို တည်တည်ငြိမ်ငြိမ်နဲ့ ကျော်  ဖြတ်ခဲ့ပါတယ်။ ဘယ်သူ့ကိုမှ ရန် မလုပ်ခဲ့ပါဘူး။ ဘယ်သူက ကျွန် တော့်ကို ချလို့ ကျွန်တော်က ပြန် ချတယ်ဆိုတာ လေ့လာကြည့်ပါ။ ကျွန်တော်ပြန်ပြီးမတုံ့ပြန်ခဲ့ဘူး။ အဲဒီတုန်းက တိုက်ခဲ့တဲ့သူတွေ အ ခုကျွန်တော်နဲ့ ပြန်လက်တွဲတာရှိ တယ်။ ကျွန်တော် နာမည်တွေ ထုတ်ပြီးမပြောချင်ဘူး။ ကျွန်တော် အဲဒီတိုက်ခိုက်ခဲ့သူတွေနဲ့ ပတ်သက်ပြီး တချို့က ရိုးရိုးသား သားနဲ့ သူများပြောတာကို သံ ယောင်လိုက်ပြီးပြောတာရှိတယ်။ အချိန်တန်ရင် သူတို့ဘာသာသူ တို့နားလည်သွားတဲ့အခါ ကျွန် တော့်အတွက် မိတ်ကောင်းဆွေ ကောင်းတွေပြန်ဖြစ်လာတယ်။အ ခုလည်းပဲ ကျွန်တော်မျှော်လင့်ပါ တယ်။ တချို့က ဘာမှန်းညာမှန်း မသိဘူး။ သူတို့ရဲ့ ခံစားချက်တွေ ဒဏ်ရာဒဏ်ချက်တွေက ပြင်းတဲ့ အခါကျတော့ တစ်လျှောက်လုံး မှာ ကိုယ်ကအဖိနှိပ်အညှဉ်းပန်းခံ ခဲ့ရတယ်။ အဲဒီတော့ ဒီလူတွေနဲ့  အခု အမျိုးသားပြန်လည်သင့်မြတ် ရေးဆိုပြီး ဆက်ဆံနေရတယ်။ ပြောဆိုနေရတဲ့အပေါ်မှာ စိတ်မ သက်မသာဖြစ်တာရှိတယ်။ အဲဒီ လူတွေနဲ့ပတ်သက်ပြီး ကျွန်တော် လုံးဝစာနာပါတယ်။



ရွှေသံလွင်က ၈၈ငွေရတုတုန်းက ရော ဂီတဖျော်ဖြေပွဲတုန်းကရော လှူဒါန်းမှုတွေရှိခဲ့ပါတယ်။ အခု ဦးကိုကိုကြီးမင်္ဂလာဆောင်ကို လည်း ရွှေသံလွင်ပိုင် Sky Star  ဟိုတယ်မှာ ကျင်းပတဲ့အတွက် စပွန်ဆာပေးတယ်ဆိုပြီး ဝေဖန်မှု တွေအပေါ် ဘာများပြောချင်ပါသလဲ။

ရန်ကုန်မှာ အမှန်ပြောရရင် ကျွန်တော်က မလုပ်ချင်တော့ဘူး။ ကျွန်တော်ကလည်းတစ်လျှောက် လုံးကျောင်းတက်လာတဲ့ သူငယ် ချင်းတွေက ဂျီတီအိုင်တောင်နှစ် ကျောင်း။ ပြည်မှာဒုတိယနှစ်။ ဖိုင်  နယ်ကျတော့ အင်းစိန်မှာ။ အဲဒီ တော့ အဲဒီအုပ်စုတွေကလည်း သေချာတယ်။ ၀မ်းတေဘယ်။ ရန်ကုန်တက္ကသိုလ် အိုင်အာ(IR) အုပ်စုကလည်းဝမ်းတေဘယ်။ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေ ကလည်း ၀မ်းတေဘယ်ဆိုတော့ အဲဒါ ကျွန်တော်လည်းပြီးမှာမ ဟုတ်တော့ဘူး။ အဲဒီတော့ ကျွန် တော်အားလုံးစုပြီးတော့ ဧည့်ခံပွဲ လေးပဲလုပ်လိုက်မယ်။ ပထမ ဘုန်းကြီးကျောင်းစဉ်းစားတယ်။ ဘုန်းကြီးကျောင်းစဉ်းစားတော့ ကျွန်တော့်ကို အကျပ်ကိုင်တာက ရွှေသံစဉ်တီးဝိုင်းကိုဝင်းမော်တို့။ ဟေ့လူ ကျွန်တော်တို့ မတီးရရင် မဖြစ်ဘူး။ တီးရဆိုရမှဖြစ်မှာ။ မ တီးမဆိုရရင် ကျွန်တော်တို့က ခင် ဗျားရဲ့ အိမ်ရှေ့မှာတစ်ညလုံးလာ တီးမှာဆိုတော့ ဟုတ်ပြီ ခင်ဗျား တို့လည်း အဆင်ပြေအောင်ဆိုပြီး ဘုန်းကြီးကျောင်းကိုရှောင်ပြီး တ ခြားခန်းမလိုမျိုးနေရာတစ်ခုရှာ မယ်စဉ်းစားတော့ လနဲ့ချီပြီး ဘွတ် ခ်ကင်လုပ်တယ်။ ဟိုတယ်တွေက မတတ်နိုင်ဘူး။ အဲဒီတော့ ကျွန် တော့်ညီမတစ်ယောက်က ကိုကျူ့(ဦးကိုကိုကြီး)တဲ့ ညီမတို့ဝပ်ရှော့ တွေ အစည်းအဝေးတွေအဲဒီမှာ လုပ်တာ ကျယ်လည်းကျယ်တယ်။ကားပါကင်အတွက်လည်း အဆင်ပြေတယ်။ အဲဒီမှာမေး ကြည့်ပါလားဆိုတော့ အဲဒီမှာ ကျွန်တော်လည်း တစ်ခါမှမ ရောက်ဖူးဘူး။ ကျွန်တော်အဲဒီမှာ မေးဖြစ်တော့ ပြောရရင်တော့ ကိုယ်လည်း လက်နိုင်ခြေနိုင်ရှိတဲ့ ပမာဏဆိုတော့ အဲဒါနဲ့ Sky Star မှာ လုပ်ဖြစ်လိုက်တာ။ အမှန်က ကျွန်တော်ကိုယ်တိုင် မင်္ဂလာ ဆောင်ကျမှ အဲဒီထဲကိုရောက်ဖူး တာ။ ကျွန်တော်ရှိမှန်းတောင်မသိ ဘူး။



အခုလိုပုဂ္ဂိုလ်ရေးတိုက်ခိုက်ခံရ တာတွေနဲ့ ပတ်သက်ပြီး ဘာများပြောချင်ပါသလဲ။

အမျိုးအမည်မသိတိုက်ခိုက် နေတဲ့ သူတွေကိုတော့ ကျွန်တော် ဘာမှ မပြောချင်ဘူး။ ဒီမိုကရေစီ ဆိုတာ တန်ဖိုးရှိရှိအသုံးပြုတဲ့အ တွက် ဆုလာဘ်ဖြစ်သလို စည်းမဲ့ ကမ်းမဲ့သုံးတဲ့သူတွေအတွက် တော့ ကျိန်စာဖြစ်တယ်။အဲဒီ တော့ ကျွန်တော့်ကိုလေးစားတဲ့ ကျွန်တော့်ကို ချစ်ခင်တဲ့ပြည်သူ တွေကိုပဲ ကျွန်တော်ပြောပြချင် တယ်။ တိုက်ခိုက်တဲ့သူတွေကို ကျွန်တော်ဘာမှ မဖြေရှင်းပါဘူး။ ပြည်သူတွေအနေနဲ့က သတင်း တစ်ခုအပေါ်မှာ ကောက်ချက်ချ တဲ့အခါမှာ၊ သတင်းတစ်ခုကို အကဲဖြတ်တဲ့အခါမှာ သတင်းအ ရင်းအမြစ်က ဘယ်လောက်ခိုင် လုံမှုရှိလဲ။ ဘယ်သူလဲ။ အဲဒါကို အရင်ဆုံးလေ့လာဖို့လိုတယ်။ နောက်တစ်ခုက သတင်းဖော်ပြခံ ရတဲ့ပုဂ္ဂိုလ်။ သူ့ရဲ့ဖြတ်သန်းမှု။ ဘယ်လိုလူမျိုးလဲဆိုတာလေ့လာ ဖို့လိုတယ်။ ကျွန်တော်ကိုယ်တိုင် က ဆင်းရဲသားမိသားစု၊ လက်လုပ် လက်စားမိသားစုကနေကြီးပြင်း လာတယ်။ လူဦးရေအများဆုံးဖြစ် တဲ့ ဆင်းရဲသားတွေ၊ လက်လုပ် လက်စားတွေအပေါ်မှာတော့ ဘယ်တော့မှ သစ္စာမဖောက်ဘူး။ အဲဒါကို ကျွန်တော့်ကိုလေးစားတဲ့ ကျွန်တော့်ရဲ့ နိုင်ငံသားတွေကို ပေးနိုင်တဲ့ ကတိပါပဲ။

7day Daily

့မြစ်ဆုံလမ်းလျှောက်အဖွဲ့ သဘောထားကွဲခြင်းမဟုတ် ဧပြီလကုန်ခန့် ရွှေဘိုအထက်ပိုင်းတွင် ပြန်ဆုံကြမည်



အောင်မြင်ရဲဇော်၊ရန်ကုန်၊ ဧပြီ-၁၉

သင်္ကြန်အကြိုနေ့ကပင် ပုဂံမြို့၌ အဖွဲ့နှစ်ဖွဲ့ခွဲလျှောက်ရန်ဆုံးဖြတ်ခဲ့ပြီး သင်္ကြန်အပြီး ဆက်လက်ထွက်ခွာခဲ့ကြသော မြစ်ဆုံဆည်စီမံကိန်းရပ်တန့်
ရေးလှုပ်ရှားသူများလမ်းလျှောက်အဖွဲ့နှစ်ဖွဲ့သည် ဧပြီလကုန်ခန့်တွင်
ရွှေဘိုအထက်ပိုင်း၌ ပြန်လည်ဆုံစည်းကာ မြစ်ဆုံအထိ ဆက်လက်လမ်း
လျှောက်ကြရန် စီစဉ်ထားကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများ
အဖွဲ့ချုပ် ဦးဆောင်အဖွဲ့ဝင် ဦးမြင့်ဝင်းမောင်က ဧပြီ ၁၉ ရက်၌ စံတော်ချိန်
သို့ပြောဆိုခဲ့သည်။

ရန်ကုန်မှမူလထွက်ခွာစဉ်ကပင် တစုတစည်းတည်း စတင်ထွက်ခွာလာ ကြသောအဆိုပါလမ်းလျှောက်အဖွဲ့သည် ဧရာဝတီမြစ်အရှေ့ခြမ်းနှင့် အနောက်ခြမ်းတစ်လျှောက်နှစ်ဖွဲ့ခွဲ၍ လမ်းလျှောက်ကြခြင်းမှာအဖွဲ့တွင်း သဘောထားကွဲလွဲမှုများကြောင့်ဖြစ်ကြောင်း သတင်းများထွက်ပေါ်
ခဲ့သော်လည်း အဆိုပါလှုပ်ရှားမှုအပေါ် ပြည်သူများအကြား ပျံ့နှံ့စွာသိရှိ လာနိုင်စေရန်အတွက် ယခုကဲ့သို့ အဖွဲ့ နှစ်ဖွဲ့ခွဲ၍ လမ်းလျှောက်ရခြင်း
ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

သတင်းတွေထွက်နေသလို ကျွန်တော်တို့အဖွဲ့ ကွဲသွားတာမဟုတ်ပါဘူး။
ကျွန်တော်တို့ထဲမှာ အဖွဲ့အစည်းသဘော သဘာဝအရ မပြေလည်တာ တချို့ရှိခဲ့ပေမယ့် အားလုံးရဲ့တူညီတဲ့ရည်ရွယ်ချက်က ဧရာဝတီကို ကာကွယ်ဖို့၊ မြစ်ဆုံဆည်စီမံကိန်းအပြီးတိုင်ရပ်ဆိုင်းဖို့ပါ။ အခုလို အဖွဲ့နှစ်ဖွဲ့ခွဲပြီး လမ်းလျှောက်တဲ့အတွက်ကျွန်တော်တို့လှုပ်ရှားမှုကို
ပြည်သူတွေကြားထဲ ပိုပြီးတော့ထိထိရောက်ရောက်သိရှိလာမယ်လို့
ယူဆပါတယ် "ဟု ဦးမြင့်ဝင်းမောင်က ပြောဆိုသည်။

ယင်းကဲ့သို့အဖွဲ့နှစ်ဖွဲ့ခွဲ၍ လမ်းလျှောက်ရာတွင် ကိုရဲထွဋ်ခေါင်ဦးဆောင်
သောဧရာဝတီမြစ်အရှေ့ဘက်ခြမ်း လမ်းလျှောက်အဖွဲ့သည် သင်္ကြန်တွင်
မြင်းခြံမြို့၌ရပ်နားခဲ့ကြပြီး နှစ်ဆန်းတစ်ရက်နေ့မှ စတင်ကာ လူအင်အား ၂၀ ကျော်ဖြင့် ခရီးဆက်နေကြောင်း၊ အလားတူ ကိုသီဟဦးဆောင်သော ဧရာဝတီမြစ်အနောက်ဘက်ခြမ်းလမ်းလျှောက်အဖွဲ့သည် သင်္ကြန်အတွင်း
ညောင်ဦးမြို့၌ ရပ်နားခဲ့ကြပြီးလူအင်အား ၄၀ ကျော်ဖြင့်ခရီးဆက်နေကြောင်း
သိရသည်။

ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းမှ ကိုရဲထွဋ်ခေါင်ဦးဆောင်သောအဖွဲ့သည်
ဧပြီ ၁၉ ရက်တွင် မန္တလေးမြို့သို့ ရောက်ရှိခဲ့ပြီး တစ်ညအိပ်ရပ်နားကာ
ဧပြီ ၂၀ ရက် (ယနေ့)တွင် မန္တလေးမြို့တွင်း မြို့နယ်များသို့လှည့်လည်ကာ ထိုမှတစ်ဆင့် မတ္တရာ၊ စဥ့်ကိုင်လမ်းကြောင်းအတိုင်း ဆက်လက်ထွက်ခွာ
မည်ဖြစ်ကြောင်း သိရသည်။ ' ကျွန်တော်တို့ အနောက်ဘက်ခြမ်းက
လျှောက်တဲ့အဖွဲ့ကတော့ ဧပြီ ၁၈ ရက် ပခုက္ကူမှာနားပြီးတော့ ဒီနေ့မနက် ပခုက္ကူက စထွက်တယ်။ ကိုရဲထွဋ်ခေါင်တို့ အဖွဲ့ကတော့ အရှေ့ဘက်
လမ်းကြောင်းအတိုင်း ဆက်သွားလိမ့်မယ်။ အဖွဲ့နှစ်ဖွဲ့ ခွဲလိုက်တဲ့အတွက် လူအင်အားနည်းသွားပေမယ့် လမ်းတစ်လျှောက်မှာထပ်ပြီး ပူးပေါင်းပါဝင်
လာမယ့်ပြည်သူတွေလည်း ရှိနေပါသေးတယ်' ဟု အနောက်ဘက်
ခြမ်းလမ်းလျှောက်အဖွဲ့ခေါင်းဆောင် ကိုသီဟက ပြောဆိုသည်။

မြစ်ဆုံဆည်စီမံကိန်း အပြီးတိုင် ရပ်တန့်ရေးအတွက် မတ် ၂၃ ရက်မှစတင်၍
ရန်ကုန်မြို့မှ ထွက်ခွာသွားခဲ့သော မြစ်ဆုံလမ်းလျှောက်အဖွဲ့သည် ခရီးစဉ်
ကြာမြင့်လာသည်နှင့်အမျှ ရန်ပုံငွေအခက်အခဲ တချို့ရှိလာခဲ့ပြီး လမ်းတစ်
လျှောက်ရရှိသည့်ကူညီထောက်ပံ့ငွေတချို့မှာလည်း ရှည်လျားသော ခရီးစဉ်အတွက် လုံလောက်မှုမရှိကြောင်းနှင့် ပြည်သူလူထုက ကျွေးမွေး
သည့် အစားအစာများဖြင့်သာ ရှေ့ဆက်နေရသဖြင့် အခက်အခဲရှိနေကြောင်း သိရသည်။

သမ္မတဦးသိန်းစိန်လက်ထက်အတွင်း စီမံကိန်းရပ်ဆိုင်းကြောင်း တရားဝင်
ကြေညာထားသည့် မြစ်ဆုံဆည်စီမံကိန်းသည် လက်ရှိအချိန်တွင် ပြန်လည်
စတင်ရန်ပြင်ဆင်နေသည်ဟု သတင်းများထွက်ပေါ်လာခဲ့သောကြောင့်
မြန်မာနိုင်ငံသားအားလုံးက ယင်းစီမံကိန်းကို ထာဝရဖျက်သိမ်းရန်အတွက် အလိုရှိနေသည်ကို အသိပေးလိုသောကြောင့် ယခုကဲ့သို့ ရန်ကုန်မှ မြစ်ဆုံသို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း သိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ